Gold AYA Motors International ကုမ္ပဏီ၏ ဒုတိယမြောက် မော်ဒယ်ဖြစ်သော JETOUR X70 မိတ်ဆက်ပွဲအခမ်းအနား

0

Full article

Gold AYA Motors International ကုမ္ပဏီ၏ ဒုတိယမြောက် မော်ဒယ်ဖြစ်သော JETOUR X70 မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ Inya Lake Hotel ၌ ကျင်းပခဲ့သည်။


အခမ်းအနားသို့ Shining Star Group ကုမ္ပဏီနှင့် Gold AYA Motors International ကုမ္ပဏီ၏ Chairman Mr.Yan Yu ၊ Chery Holding ကုမ္ပဏီလီမိတက်မှ Vice Chairmen နှင့် President ဖြစ်သူ Mr. Zhou Biren ၊ Shining Star Group ၏ Generl Manager Mr. Li Jifeng ၊ Gold AYA Motors International ၏ General Manager Mr. Niu Qun ၊ Gold AYA Motors International ၏ Deputy General Manager Mr. Yan Jun တို့နှင့်အတူ မြန်မာနိုင်ငံအတွင်း JETOUR X70 တရားဝင်စတင်ဖြန့်ဖြူးသူများ၊ Customer များ၊ ဝယ်ရောင်းများ၊ အနုပညာရှင်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

Mr. Yan Yu နှင့် Mr.Zhou Biren တို့မှ Gold AYA Motors International နှင့် Cherry Holding တို့၏ လုပ်ငန်းအစီအစဉ်နှင့် ရေရှည်တိုးတက်ကြီးပွားရေးအမြော်အမြင်များကို နှီးနှောဖလှယ်ခဲ့ကြပြီး လုပ်ငန်းအစီအစဉ်များကို စံသတ်မှတ်နိုင်ရန်နှင့် မြန်မာနိုင်ငံအစိုးရအဆင့်တိုင်း၏ ဂရုစိုက်မှုနှင့် အားပေးမှုများအောက်တွင် ဈေးကွက်ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။


Gold AYA Motors International ၏ ဒုတိယမြောက်မော်ဒယ်ဖြစ်သော JETOUR X70 သည် LUXURY SUV အမျိုးအစားဖြစ်ပြီး 1.5 T Turbocharged Engine ၊ 8AT Gear box နှင့် ရွေးချယ်စရာ အရောင်များအနေဖြင့် glacier White ၊ Beach Gold ၊ Aurora Blue ၊ Volcano Red နှင့် Meteorite Black တို့ကို ရွေးချယ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် မြန်မာကျပ်ငွေ ၃၅,၇၀၀,၀၀၀ ဖြင့် စတင်ဖြန့်ဖြူးမည်ဖြစ်ကြောင်းသိရသည်။

Author