Gold AYA Motors international Group ၏ Road Show ကားအရောင်းပြပွဲကို ရန်ကုန်မြို့ Capital Hypermarket တွင်ကျင်းပခဲ့

0

Full article

Gold AYA Motors international Group ၏ Road Show ကားအရောင်းပြပွဲကို ရန်ကုန်မြို့ Capital Hypermarket တွင် ဇူလိုင်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် စည်ကားစွာကျင်းပခဲ့သည်။


Gold AYA Motors ၏ Road Show ပွဲတွင် လက်ရှိမြန်မာနိုင်ငံသို့ရောက်ရှိလာသည့် Brand New ကားများတွင် Best Mid Size SUV ဟု တင်စားခေါ်ဝေါ်ခဲ့သည့် JETOUR X70 ကို ပြသရောင်းချခဲ့ကြောင်းသိရသည်။ JETOUR X70 ၏ ကိုယ်ထည်ကြံ့ခိုင်မှု၊ ခေတ်မီနည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ After Sale Service နှင့် Spare Part အပိုင်းတွင်လည်း ပေးရသည့်တန်ဖိုးနှင့်ကိုက်ညီသည့် ကားတစ်စီးဖြစ်ခြင်းကြောင့် ဝယ်ယူသူများပြားခဲ့ကြောင်းသိရသည်။ ထို့အပြင် လာမည့် ဩဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် Gold AYA Motors Anniversary promotion ပွဲကိုလည်း ရန်ကုန်မြို့ Myanmar Plaza တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

Gold AYA Motors ၏ Moonsoon Promotion အနေဖြင့် JETOUR X70 ဝယ်ယူမည်ဆိုပါက ယာဉ်တစ်စီးလုံး၏အာမခံသက်တမ်းမှာ ၅ နှစ် သို့မဟုတ် ကီလိုမီတာ တစ်သိန်းခွဲ ရရှိမည်ဖြစ်ပြီး အင်ဂျင်ပစ္စည်းအကန့်အသတ်ဖြင့် အာမခံသက်တမ်း ၁၀ နှစ် (သို့) ကီလိုမီတာ တစ်သန်းအထိ ရရှိနိုင်မည်ဖြစ်သည့်အပြင် ဝယ်ယူပြီး ပထမဆုံး ၃ နှစ်အတွင် အခြေခံကားပြုပြင်ထိန်းသိမ်းခြင်းများကို ၆ ကြိမ်တိတိ အခမဲ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Author