Gold AYA Motors ၏ 1 Year Anniversary Promotion ပွဲကို ရန်ကုန်မြို့ Myanmar Plaza တွင် ဩဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် အထူးအစီအစဉ်များဖြင့်ကျင်းပလျက်ရှိ

0

Full article

Gold AYA Motors ၏ 1 Year Anniversary Promotion ပွဲကို ရန်ကုန်မြို့ Myanmar Plaza တွင် ဩဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် အထူးအစီအစဉ်များဖြင့်ကျင်းပလျက်ရှိကြောင်းသိရသည်။

Gold AYA Motors ၏ တစ်နှစ်ပြည့် အခမ်းအနား Promotion ပွဲတွင် Gold AYA Motors International Group မှ ထုတ်လုပ်သည့် Brand New JETOUR X70 ၊ CHANGHE Q3  နှင့် BYD F3  တို့ကို အထူးအစီအစဉ်များဖြင့် ရောင်းချသွားမည့်အပြင်ပွဲသို့လာရောက်သည့် ဧည့်သည်များကိုလည်း အထူးလက်ဆောင်များချီးမြှင့်ခြင်း၊ စိတ်လှုပ်ရှားဖွယ် ကံစမ်းမဲအစီအစဉ်များ၊ အကအလှဖျော်ဖြေမှုများဖြင့် စသည့်အထူးအစီအစဉ်များဖြင့် ကျင်းပခဲ့သည်။ 1 Year Anniversary Promotion ပွဲတွင် လာရောက်ဝယ်ယူသည့် Customers များကိုလည်း ကျပ် ၂၆ သိန်းတန်ဖိုးရှိ ရွှေဒင်္ဂါးပြား များရရှိနိုင်မည့်အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။ Gold AYA Motors ၏ တစ်နှစ်ပြည့်အခမ်းအနား ပွဲတွင် JETOUR X70 ကို မြန်မာငွေကျပ် ၃၅၇ သိန်းဖြင့်လည်းကောင်း၊ CHANGHE Q35 ကို ယခင်ဈေးနှုန်း ၂၉၈ သိန်း ၈ သောင်းမှ သိန်း ၂၅၀ သို့လည်းကောင်း၊ BYD F3 ကို ၂၂၂သိန်းဖြင့်လည်းကောင်း အသီးသီးရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် BYD F3 ကိုဝယ်ယူမည်ဆိုပါက မြန်မာငွေကျပ် ၆၂၀, ၀၀၀ တန်ဖိုးရှိ Electric Bicycle တစ်စီးလက်ဆောင်ပေးအပ်သွားမည်ဖြစ်သည်။

Gold AYA Motors မှ ထုတ်လုပ်သည့် JETOUR X70 ၊ CHANGHE Q35 နှင့် BYD F3 ကိုစိတ်ပါဝင်စားသည့်သူများအနေဖြင့် ရန်ကုန်မြို့ Myanmar Plaza တွင် ဩဂုတ်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင်ကျင်းပလျက်ရှိသည့် Gold AYA Motors ၏ တစ်နှစ်ပြည့်အခမ်းအနားနှင့် အထူး Promotion ပွဲသို့ သွားရောက်ပြီး စိတ်တိုင်းကျ လေ့လာကြည့်ရှု၊ ဝယ်ယူနိုင်ကြောင်း သိရသည်။

Author