ယခုအချိန်ဟာ အချိန်ကောင်းပါပဲ။ ကျွန်တော်တို့မှာ အင်မတန် ကောင်းမွန်တဲ့ ကားအမျိုးအစား အများကြီးရှိပါတယ်။ လုပ်ငန်းသုံး Truck ကားတွေ၊ SUV တွေကစလို့ ဖက်ရှင်ကျတဲ့ ကားအလှတွေအထိ အကုန်ရှိပါတယ်။ ကျွန်တော်တို့ Chevrolet မှ အဆင့်အတန်းမြင့် ကွာလတီကောင်းတဲ့ ထုတ်ကုန်တွေနဲ့ ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်နာမည်ကို ခိုင်မာအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဟု GM Southeast Asia Operations မှ President ဖြစ်သူ Martin Apfel မှပြောကြားခဲ့ပါသည်။
GM နှင့် အကျိုးတူပူးပေါင်းမည့် Pacific Alpine Pte. Ltd., မှာ Alpine Group Singapore နှင့် AA Medical (Pacific-AA Group) တို့ပူးပေါင်းတည်ထောင်ထားသည့် ကုမ္ဗဏီတစ်ခု ဖြစ်ပါသည်။ Alpine Group Singapore သည် Chevrolet နှင့် Opel ကားများကို စင်ကာပူနိုင်ငံသို့ တစ်ဦးတည်းတင်သွင်းခွင့်ဖြင့် တင်သွင်းရောင်းချနေသော ကုမ္ဗဏီဖြစ်ပြီး Pacific-AA Group သည်မြန်မာနိုင်ငံတွင် ဆေးပစ္စည်းများနှင့် စက်ဆီချောဆီများ တင်သွင်းရောင်းချနေသော ကုမ္ဗဏီဖြစ်သည်။
GM သည်လည်းကောင်းတို့၏ ပထမဆုံး ကားအရောင်းပြခန်းကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်သွားမည်ဟု သိရပါသည်။