Giga Shanghai သို့မဟုတ် စိတ်ကူးယဉ် သိပ္ပံဝတ္ထုတွေအထဲကအတိုင်း ဖန်တီးထားတဲ့ T☰SLA ရဲ့ ကားထုတ်လုပ်ရေးစက်ရုံကြီး

0

Full article

T☰SLA ရဲ့ Giga Shanghai လို့ခေါ်တဲ့ Gigafactory 3 ကတော့ နာမည်အတိုင်း တရုတ်နိုင်ငံ Shanghai မှာဖွင့်လှစ်ထားရှိပါတယ်။ ဒီလိုဖွင့်လှစ်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ T☰SLA ရဲ့ လျှပ်စစ်မော်တော်ကားတွေမှာ အများဆုံးအသုံးပြုမယ့် battery cells တွေထုတ်လုပ်ဖို့ဖြစ်ပြီး T☰SLA Model 3 နဲ့ T☰SLA Model Y ကားတွေကိုလည်း တစ်ပါတည်း ထုတ်လုပ်သွားမယ်လို့သိရပါတယ်။​ Giga Shanghai စက်ရုံကနေပြီး တစ်နှစ်ကို လျှပ်စစ်ကား ၂၅၀,၀၀၀ လောက်ထုတ်လုပ်သွားမယ်လို့လည်းဆိုထားတာပါ။

တရုတ်နိုင်ငံထုတ် T☰SLA ကားတွေကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ပြီး ပြောရမယ်ဆိုရင် Gigafactory စတင်တည်ဆောက်ခဲ့တာဟာ ၂၀၁၈ ဒီဇင်ဘာလဖြစ်တဲ့အတွက် ၁၂ လအတွင်းထုတ်လုပ်နိုင်တာလို့လည်းဆိုနိုင်ပါတယ်။

T☰SLA Giga Shanghai ဟာ ဧက ၂၁၀ အကျယ်အဝန်းရှိပြီး အလုပ်သမားပေါင်း နှစ်ထောင်ဝန်းကျင်နဲ့ လည်ပတ်လျက်ရှိပါတယ်။ CNBC ရဲ့သတင်းများအရဆိုရင် T☰SLA ဟာ ၂၀၁၉ နှစ်ကုန်ပိုင်းအတွင်းမှာတောင် ကားအစီးရေ ၆,၀၀၀ အထိထုတ်လုပ်ဖို့ မျှော်မှန်းထားခဲ့တာဖြစ်ပါတယ်။ တစ်နှစ်ဆိုတဲ့အချိန်အတိုင်းအတာတစ်ခုအတွင်း စိတ်ကူးယဉ််သိပ္ပံဝတ္ထုတွေကလိုမျိုး စက်ရုံတစ်ရုံကို တည်ဆောက်ပြီး ကမ္ဘာကြီးရဲ့ အနာတ်ဂတ်ကား (လျှပ်စစ်ကား) တွေကို စတင်ထုတ်လုပ်လိုက်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။

Ref:

T☰SLA mania

Giga Shanghai

Author