Get မှ Brand Ambassador တစ်ဦး ခန့်အပ်

0

Full article

မြန်မာနိုင်ငံ၏ Omni Channel Digital Commerce Platform Company ဖြစ်သည့် Get မှ နိုင်ငံ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် မသက်ထားသူဇာအား Brand Ambassador အဖြစ် ခန့်အပ်ခဲ့ ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Get ၏ Brand ကို ကိုယ်စားပြုနိုင်သူကို ငယ်ရွယ်နုပျို သွက်လက်တက်ကြွကာ အောင်မြင်မှုများကို စတင်ရရှိနေပြီး ပိုမိုကြီးမားသည့် အောင်မြင်မှုများအတွက် အပြင်းအထန်ကြိုးစားအားထုတ်နေသူ ကိုသာ ရွေးချယ်ခန့်အပ်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် မသက်ထားသူဇာကို ရွေးချယ်ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မသက်ထားသူဇာသည် အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာစီးရီး ကြက်တောင်ပြိုင်ပွဲ (Egypt International Series 2018) အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ နီပေါ အပြည်ပြည်ဆိုင် ရာ စီးရီး (2018) တွင် ဒုတိယဆု၊ Iran International Challenge (2018) တွင်လည်း တတိယဆုများ ကိုလည်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။

Get သည် မြန်မာနိုင်ငံရှိ အသေးစားလုပ်ငန်းရှင်များအား နည်းပညာအကူအညီဖြင့် စီးပွားရေးတွင် ပါဝင်လုပ်ကိုင်နိုင်ရန် အားဖြည့်ကူညီပေးသော ဒစ်ဂျစ်တယ်စီးပွားရေး ပလက်ဖောင်းဖြစ်သည်။ Get ၏  Digital Transport Product ဖြစ်သော Get Ride ကို ရန်ကုန်၊ မနလေး၊ မုံရွာ၊ ပုဂံ၊ ပြင်ဦးလွင်နှင့် စစ်တွေမြို့များတွင် ၂ဝ၁၈ ဇန်နဝါရီ ၁ မှ စတင်ကာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

Business

Author