Full article

ရန်ကုန်၊ မြန်မာ – General Motors မှ ရေဘေးဒဏ်ခံရသော ဒေသများ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ ၂ဝ၁၄ မော်ဒယ် Chevrolet Colorado Double Cab တစ်စီး လှုဒါန်းမည် ဖြစ်ပါသည်.။

၂ဝ၁၅ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့မှ စတင်သော မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံနေရာတော်တော်များများတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေများ၊ လယ်ယာမြေများ၊ တံတားများ၊ လမ်းများ ပျက်စီးခဲ့ရပြီး လူပေါင်းတစ်သန်းကျော် ရေဘေးဒဏ်ခံခဲ့ရပြီး လူပေါင်း (၁ဝဝ) ကျော် အသက်ဆုံးရှုံးခဲ့ရသည်.။

"General Motors အနေနဲ့ မြန်မာပြည်သူတွေအတွက် အခုလိုကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အခုလှူဒါန်းတဲ့ အကြမ်းခံနိုင်တဲ့ Colorado က မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်" ဟု GM South East Asia Operations ၏ Distributor Operations and Business Planning မှ General Director ဖြစ်သူ Tadashi Wakamatsu မှ ပြောသည်.။

အဆိုပါ ၂ဝ၁၄ မော်ဒယ် Colorado Double Cab ကို General Motors ၏ မြန်မာနိုင်ငံဖြန့်ချိရေးကိုယ်စားလှယ် ဖြစ်သော Pacific Alpine Myanmar မှ တဆင့် မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့သို့ လှူဒါန်းခြင်းဖြစ်သည်.။ Pacific Alpine Myanmar မှလည်း ရေဘေးဒဏ်ခံပြည်သူများအား ရေသန့်ဆေးပြားများနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့သည်.။

"General Motors နဲ့ Pacific Alpine တို့ရဲ့ အလှူက အရမ်းအကျိုးကျေးဇူး ရှိပါတယ်.။ ရေဘေးဒဏ်ဆိုးရွားစွာ ခံရတဲ့ ဒေသတွေမှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ဖို့နဲ့ သူတို့ခြေထောက်ပေါ် သူတို့ပြန်လည်ရပ်တည်နိုင်ဖို့အထိ အကူအညီ အထောက်အပံ့ပေးရာမှာ အခုလှူဒါန်းတဲ့ကားက အများကြီးအထောက်အကူ ဖြစ်မှာပါ" ဟု မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့မှ ကိုကျော်ကျော်က ပြောသည်.။

GM Southeast Asia Operations ကို ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး Chevrolet မော်တော်ယာဉ်များကို Brunei, Cambodia, Fiji, Indonesia, Japan, Laos, Malaysia, Mongolia, Myanmar, New Caledonia, Philippines, Singapore, Tahiti, Thailand နှင့် Vanuatu အစရှိသော နိုင်ငံပေါင်း (၁၅) နိုင်ငံသို့ တင်သွင်းရောင်းချပေးနေပါသည်.။

General Motors သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော ကမ္ဘာ့ကားဈေးကွက်တွင် ထိပ်တန်းနေရာမှ ဦးဆောင်လျှက်ရှိပြီး Chevrolet, Cadillac, GMC, Buick, Holden, Opel, Vauxhall, Baojun, Jiefeng နှင့် Wuling အစရှိသော အမှတ်တံဆိပ်များကို မိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းကာ နိုင်ငံပေါင်း (၃ဝ) တွင် တပ်ဆင်ထုတ်လုပ်လျှက် ရှိပါသည်.။ လုံခြုံစိတ်ချရသော ကားများကို ထုတ်လုပ်ရာတွင် ဂုဏ်သတင်းကြီးသည့် General Motors ၏ အကြောင်းကို အသေးစိတ်သိရှိလိုပါက http://www.gm.com တွင် လေ့လာကြည့်ရှုနိုင်ပါသည်.။

Author