နိုင်ငံခြား စက်သုံးဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ မကြာမှီ ခွင့်ပြုပေးမည်

0

Full article

![](/redline/content/images/2017/04/gsoline-300x214.jpg)

နိုင်ငံခြားစက်သုံးဆီ ရောင်းချခြင်းလုပ်ငန်းများကို မကြာမှီ ခွင့်ပြုပေးမည်ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။ စက်သုံးဆီရောင်းချတာကို မကြာခင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လုပ်ကိုင်ခွင့် ခွင့်ပြုပေးမှာပါ။ နိုင်ငံတကာကလာရင်လည်း အားလုံးသတ်မှတ်ထားတဲ့ စံနှုန်းနဲ့ လုပ်ကိုင်ရမှာဖြစ်ပါတယ်။"လို့ စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ နိုင်ငံခြားသား ရင်းနှီးမြှပ်နှံသူများ အနေဖြင့် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချရာတွင် သက်မှတ်ထားသည့် စံနှူန်းများဖြင့်သာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ လက်ရှိလုပ်ကိုင်နေတဲ့ နိုင်ငံသားလုပ်ငန်းရှင်များလည်း အရည်အသွေး လိုက်မမှီပါက ဈေးကွက်တွင် ကျန်ခဲ့မှာဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းတွင် ရောင်းချနေသည့် စက်သုံးဆီအရောင်းများ ကဲ့သို့ နိုင်ငံခြားစက်သုံးဆီ အရောင်းဆိုင်များ အမြန်ဆုံးလာရောက်ဖွင့်လှစ်ခွင့်ပေးရန် မော်တော်ယာဉ်အသုံးပြုသူအားလုံးလိုလားနေလျှက်ရှိကြောင်း သိရသည်။ ပြည်တွင်းတွင် ရောင်းချနေသည့် စက်သုံးဆီများသည်

အရည်အသွေးမပြည့်ဝခြင်း ဆီအချိန်အတွယ်မပြည့်ဝခြင်းများကြောင့် မော်တော်ယာဉ်များတွင် မလိုလားအပ်သည့် ပြသာနာများဖြစ်ပေါ်နေလျှက်ရှိနေသည်။ လက်ရှိသုံးနေရတဲ့ဆီတွေက အရည်အသွေးမပြည့်ဝတာကများနေတယ်။ဆီမကောင်းရင် ကားပလပ်တွေပျက်လာလို့ ပြန်ပြင်ဆင်ရတယ်။ဆီတစ်ခါထည့်မယ်ဆိုရင် ဘယ်ဆိုင်က ပိုကောင်းမလဲဆိုတာ ရွေးနေရတယ် ဈေးနှူန်းကလည်းတစ်ခုတည်း အရည်အသွေးကလည်းမှန်မှန်ကန်ကန်ဖြစ်မယ်ဆိုရင် ရွေးစရာမလိုဘူး။ အခုဆို မိုဒယ်မြင့်ကားတွေပဲတင်သွင်းရတော့မှာဖြစ်တဲ့အတွက် ဆီအရည်အသွေးကောင်းဖို့ဆိုတာပိုတောင်လိုအပ်နေတယ်။ဟု ကားစက်ပြင်ကျွမ်းကျင်သည့် လုပ်ငန်းလုပ်ကိုင်သူ ကိုမောင်တိုးကပြောသည်။ ပြည်တွင်းစက်သုံးဆီများသည် ဆီများရောနှောထားသည့် ပြသနာများဖြစ်ပေါ်နေခြင်းများလည်း ရှိနေသောကြောင့် မော်တော်ယာဉ်များပန့်ပျက်စီးမှူများဖြစ်ပေါ်ခြင်း၊ မီးဆံခေါ်က်ခြင်း၊ ဆီပန့်များပျက်စီးခြင်း၊ ဆီတိုင်ကီများပျက်ဆီးခြင်းများဖြစ်ပေါ်နေလေ့ရှိပြီး ကားမီးလောင်မှူများသည်လည်း ဆီအရည်အသွေးမပြည့်ဝခြင်းကြောင့်ဖြစ်ပေါ်နေကြောင်းသိရသည်။ ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားစက်သုံးဆီအရောင်းဆိုင်များဝင်ရောက်လာမည်ကို ပြန်လည်စဉ်စားပေးရန် သက်ဆိုင်ရာသို့တင်ပြသွားမည်ဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author