စံချိန်စံညွှန်း ကိုက်ညီမှုမရှိသော တစ်နိုင်တစ်ပိုင်စက်သုံးဆီလုပ်ငန်းများကို ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ထုတ်ပေးမည်မဟုတ်

0

Full article

ဆီပန့်ငယ်များဖြင့် လုပ်ကိုင်လျက်ရှိနေသည့် စံချိန်စညွှန်းကိုက်ညီမှုမရှိသောစက်သုံးဆီအရောင်းဆိုင်များအား ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ထုတ်ပေးမည်မဟုတ်ကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ မြန်မာနိုင်ငံတွင် ယာဉ်အစီးရေ တိုးပွားလာမှုနှင့်အတူ မော်တော်ယာဉ်များတွင် အသုံးပြုရသည့် စက်သုံးဆီသုံးစွဲမှုမှာလည်းတိုးပွားလာခဲ့သည်။ သို့သော် အရည်အသွေးပြည့်ဝသည့် စက်သုံးဆီများသာ ရောင်းချရန်နှင့် အချင်အတွယ်ပြည့်မှီမှုရှိရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လိုက်လံစစ်ဆေးလျက်ရှိသည်

စက်သုံးဆီရောင်းချသည့်အရောင်းဆိုင်ကြီးများကိုလည်း အရည်အသွေးပြည့်ဝသည့်ဆီကိုသာ ရောင်းချရန် ညွှန်ကြားထားရှိပြီး တရားမဝင်လမ်းဘေးစက်သုံးဆီဆိုင်များကိုလည်း အရေးယူဆောင်ရွက်လျှက်ရှိသည်။

စက်သုံးဆီအရောင်းဆိုင်များကို လုပ်ကိုင်ခွင့်ချထားပေးရာတွင် သတ်မှတ်ချက်နှင့်ညီသည့် ဆိုင်များကိုသာ လုပ်ငန်းလိုင်စင်ထုတ်ပေးလျှက်ရှိရာ စံချိန်စံညွှန်းမကိုက်ညီသည့် တစ်နိုင်တစ်ပိုင် စက်သုံးဆီအရောင်းဆိုင်များကို လုပ်ငန်းလိုင်စင် ပြုလုပ်ပေးတော့မည်မဟုတ်ကြောင်းသိရသည်။

ခေတ်သစ်

Author