စက်သုံးဆီ ဈေးနှူန်းအမြင့်ဆုံးရောက်ရှိနေ ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်

0

Full article

ကမ္ဘာစက်သုံးဆီဈေးနှုန်း အမြင့်ဆုံးရောက်ရှိလာခဲ့ပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းထံကနေ သိရသည်။

ထိုကဲ့သို့ စက်သုံးဆီဈေးနှုန်းမြင့်တက်ရခြင်းမှာ ကမ္ဘာရေနံရောင်းချနေသော နိုင်ငံများအဖွဲ့ (OPEC)က ရေနံထုတ်လုပ်မှုခွဲတမ်းပြဿနာများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လောင်စာဆီလိုအပ်ချက် မြင့်မားနေမှုများ ဖြစ်ပေါ်နေ ကြောင်း သိရသည်။

"ကမ္ဘာ့နိုင်ငံအတော်များများမှာလည်း စက်သုံးဆီဈေးက အမြင့်ဆုံးစံချိန်တင်ပြီး ဈေးနှုန်းက အတက်ဘက်ရောက်နေတယ်။ ပြည်တွင်ဈေးကွက်မှာလည်း အဲ့ဒီရေနံသိုလှောင်တဲ့ နိုင်ငံတွေအပေါ် မှီတင်းနေရတာ။ တစ်ချို့က သိုလှောင်ထားတာလည်း အရေအတွက်တစ်ခုအထိပဲ ထားဖို့ သတ်မှတ်ထားတယ်။ ဈေးကွက်သဘောအရ ယူရတဲ့ဈေးက များလာရင် တိုးပြီးရောင်းကြတယ်။ စက်သုံးဆီဈေးကို ထိန်းချူပ်ဖို့က ပေါ်လစီတွေနဲ့ အများကြီးသက်ဆိုင်သလို ရေနံသိုလှောင်တဲ့ နို်ငံတွေကလည်း ထုတ်လုပ်တာ ကျဆင်းလာနေတော့ ဈေးကို ထိန်းဖို့ အရမ်းခက်လာတယ်။" ဟု မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းတွင် စက်သုံးဆီဖြန့်ဖြူးရန် သီလဝါဆိပ်ကမ်းတွင် သိုလှောင်ထားရာ တန်ချိန် ၁သောင်း၂ထောင် အထိသာ သိုလှောင်ရရှိသည့်အတွက် ပြည်တွင်းလိုအပ်ချက် စက်သုံးဆီဈေး ထိန်းညှိရန် မလွယ်ကူနိုင်ကြောင်း သိရသည်။

ကမ္ဘာစက်သုံးဆီ ဓတ်ဆီဈေးနှုန်းမှာ တစ်လီတာကို ၁ ဒသမ ၁၃ ဒေါ်လာ အထိ ပျမ်းမျှမြင့်တက်လာရာ ဖေဖေါ်ဝါရီ ၇ ရက်အထိ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁,၃၂၅ ကျပ်၊ ယူရိုငွေတစ်ယူရိုကို ၁၆၂ဝကျပ် ရှိနေပြီး ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းမှာ ဒီဇယ်ဈေး ၈၄ဝကျပ်၊ ပရီမီယမ်ဒီဇယ်၈၆ဝကျပ် ၊ အောက်တိန်း 92 ဆီ ၈၁ဝ ကျပ်နှင့် အောက်တိန်း ၉၅ဆီ ၈၅၅ ကျပ် အထိ ရောင်းချနေကြောင်း သိရသည်။
M-01

Author