GAC Motor Myanmar မှ GAC ကားအရောင်းပြပွဲကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

0

Full article

GAC Motor Myanmar မှ GAC ကားအရောင်းပြပွဲကို ယနေ့ သြဂုတ်လ (၁ဝ) ရက်နေ့က မန္တလေးမြို့ရှိ ရတနာပုံဈေးအနီး Skywalk Center မှာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


ပွဲတွင်ပြသနေသည့် ကားများမှာ GS 3, GA 4, GS 8, GS 7 နှင့် GM 8 တို့ကိုပြသရောင်းချပေးနေပြီး promotion ကာလအတွင်းဝယ်ယူသူများအတွက် ဒေါ်လာ ၃,ဝဝဝ ကနေ ၅,ဝဝဝ ကျော်အထိကို လျှော့ဈေဖြင့်ရောင်းချပေးနေကြောင်း သိရသည်။

"မန္တလေးမှာတော့ GAC Showroom မရှိသေးပါဘူး။ဒါကြောင့် နောက်နှစ်ထဲမှာလည်း မန္တလေးကဝယ်ယူသူတွေအတွက် Showroom လာရောက်ဖွင့်ဖို့လည်း ရည်ရွယ်ထားပါတယ်။ ယခုပြုလုပ်တဲ့အရောင်းပြပွဲမှာတော့ ဝယ်သူများစိတ်တိုင်းကျ စမ်းသပ်မောင်းနှင်နိုင်ဖို့ GS 5 နဲ့ GS 8 ကိုလည်းမောင်းနှင်လို့ရပါတယ်။ " ဟု ဈေးကွက်ဖော်ဆောင်ရေးမန်နေဂျာ ဒေါ်ဖြိုးအင်ကြင်းဇော်က ပြောကြားသွားခဲ့သည်။

နောက်ထက် Promotion အစီအစဉ်များအနေဖြင့် 5 years warranty, 3 years maintenance service နှင့် အရစ်ကျဝယ်ယူသူများအနေဖြင့်လည်း AYA နှင့် CB Bank တို့နှင့် ချိတ်ဆက်ပြီး 30% သို့မဟုတ် 50% ကို လက်ငင်းပေးသွင်းပြီး၁ နှစ်ကနေ ၅ နှစ်အထိချိတ်ဆက်ဝယ်ယူနိုင်ကြောင်း သိရသည်။

Author