ကားတစ်စီး ဒေါ်လာ ၅၆ဝဝဝ တန်ဖိုးရှိ YBS ကားအစီးရေ ၃ဝဝဝအား အစိုးရမှ ဝယ်ယူမည်

0

Full article


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲအနေဖြင့် တရုတ်နိုင်ငံထုတ် ၂ဝ၁၇ မိုဒယ် YBS ကားအစီးရေ ၃ဝဝဝ အား G To G စနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ပြီး ယာဉ်လိုင်းများတွင် တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှသိရပါတယ်။အများပိုင်ယာဉ်လိုင်းမှာ ပြေးဆွဲဖို့ ကားအစီးရေ ၃ဝဝဝ ဝယ်ယူသွားမှာဖြစ်ပါတယ်။တရုတ်နိုင်ငံထုတ် Youngtong၂ဝ၁၇ မိုဒယ် ကားအမျိူ းအစားဖြစ်ပါတယ်။အများပိုင်ယာဉ်လိုင်းမှာ လိုအပ်နေတဲ့ ယာဉ်လိုင်းတွေမှာ တိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်က ပြောပါတယ်။

ယခုဝယ်ယူသွားမည့် တရုတ်နိုင်ငံထုတ် ၂ဝ၁၇ မော်ဒယ် Youngtong အမျိူ းအစားသည် ကားတစ်စီးလျှင် ဒေါ်လာ ၅၆ဝဝဝ တန်ဖိုးရှိပီး ဧပြီလကုန်တွင် ကားအစီးရေ ၁ဝဝဝ မှာ ရန်ကုန်ဆိပ်ကမ်းသို့

ရောက်ရှိလာမည်ဖြစ်သည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများအတွက် ယာဉ်အစီးရေလိုအပ်ချက်ရှိနေသေးရာ ခရီးသည်တင်ယာဉ်များဝယ်ယူရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ငွေကျပ် ၆ဝ ဘီလီယံ အသုံးပြုသွားမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချူ ပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

ဝယ်ယူသွားမည့် ကားတစ်စီးလျှင် ဒေါ်လာ ၁၆ဝဝဝ တန်ဖိုးရှိပြီး မြန်မာငွေကျပ် သိန်း ၇၅ဝ ခန့်ရှိတယ်လို့ သိရပါတယ်။

ခေတ်သစ်

photo credit

Author