FUSO Myanmar မှ Official Partner အဖြစ် ပါဝင်အားဖြည့်ခဲ့သော WLC: Fearless Tigers မြန်မာ့ရိုးရာလက်ဝှေ့ပွဲကြီး

0

Full article

၂၀၁၉ အောက်တိုဘာလ ၂ ရက်နေ့- FUSO Myanmar ကနေပြီး WLC: Fearless Tigers (ကြောက်ရွံ့ကင်းကျား) မြန်မာ့ရိုးရာလက်ဝှေ့ပွဲကိုOfficial Partner အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ World Lethwei Championship (WLC) ဟာမြန်မာ့ယဥ်ကျေးမှုမြောက်မြားစွာထဲကတစ်ခုဖြစ်တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ပွဲကို ကမ္ဘာ့ကသိအောင် ဦးဆောင်ကြိုးပမ်းနေတဲ့အဖွဲ့အစည်းတစ်ခုပါ။

World Lethwei Championship (WLC): Fearless Tigers လက်ဝှေ့ပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ မန္တလေးမြို့၊ မန္တလာသီရိအားကစားရုံမှာ ကျင်းပသွားမယ်လို့သိရပါတယ်။

မိတ်ဆက်ပွဲကိုတော့ FUSO Myanmar ရဲ့ Senior Manager, Head MB CV & FUSO ဖြစ်တဲ့ Mr. Goo Tiong Kwan မှ အဖွင့်အမှာစကားပြောကြားပြီးတော့ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါတယ်။ “ဒီလိုမျိုး WLC: Fearless Tigers နဲ့ လက်တွဲခွင့်ရတာ FUSO Myanmar အနေနဲ့ ဂုဏ်ယူမိပါတယ်” လို့ Mr. Goo Tiong Kwan မှ ပြောခဲ့ပါတယ်။

FUSO Myanmar ကနေပြသရောင်းချလျက်ရှိတဲ့ ယာဉ်အမျိုးအစားတွေကတော့

၁။ Light Duty Segment - Canter Models ၁၀ ပေ၊ ၁၄ပေ နှင့် ၁၆ ပေ
၂။ Medium Duty Segment - FA & FI Models
၃။ Heavy Duty Segment - FJ Models
၄။ Heavy Duty Tractor Head - FZ & TV Models
၅။ Bus - Rosa Bus: အယောက် ၃၀ စီး နဲ့ ၄၃ ယောက်စီးတို့ကို မိတ်ဆက်ပြသရောင်းချပေးသွားမဲ့အပြင် ဝယ်ယူသူရဲ့လိုအပ်ချက်အရလည်း စိတ်ကြိုက်အထူးပြုလုပ်ပေးတယ်လို့ သိရပါတယ်။ ယခုနှစ်မှာတော့ Cycle & Carriage ရဲ့ နှစ် ၁၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့FUSO ယာဥ်အသစ်ဝယ်ယူသူတွေအတွက် အခမဲ့ပြုပြင်ပေးတဲ့ဝန်ဆောင်မှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် အထူးပရိုမိုးရှင်းအနေနဲ့ ယနေ့ကစပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ FUSO ယာဥ်အသစ်အတွက် $10,000 အသုံးပြုတဲ့သူတိုင်းကို လာမယ့် ၂၀၂၀ ခုနှစ်၊ ဧပြီလမှာ တောင်ကိုးရီးယားနိုင်ငံသို့ စရိတ်ငြိမ်းအလည်အပတ်ခရီးသွားရောက်ခွင့်ကို ကံထူးနိုင်တဲ့အခွင့်အရေးတွေလည်းရှိတယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာတင်သွင်းရောင်းချနေတဲ့ FUSO Truck တွေဟာဆိုရင် နှစ်မျိုးလာပါတယ်။ Canter နဲ့ Rosa စသဖြင့် Light Duty Truck နဲ့ Mini Bus တွေကျတော့ Mitsubishi FUSO Truck and Bus Corporation လို့ခေါ်တဲ့ MFTBC ဂျပန်ကနေထုတ်လုပ်ပြီးတော့ တိုက်ရိုက်မြန်မာပြည်ကိုတင်ပို့ရောင်းချနေပါတယ်။ နောက် တခြား Heavy Duty Truck နဲ့ Medium Duty Truck တွေကကြ တော့ အိန္ဒိယမှာရှိတယ်၊ ချက်နိုင်းမှာရှိတယ်၊ Daimler AG Group ရဲ့လက်အောက်မှာရှိတယ်။ အဲဒီ Group အောက်မှာရှိတဲ့ Factory ကနေပြီးတော့ တိုက်ရိုက်ထုတ်လုပ်ပြီးတော့ မြန်မာနိုင်ငံကိုတင်ပို့ရောင်းချနေတာပါ။” လို့ FUSO Myanmar ရဲ့ National Sales Manager ကိုအောင်စည်ဖြိုးမှ ပြောခဲ့ပါတယ်။

FUSO Myanmar ဟာ လာမယ့်နှစ်မှာ 3S ဖြစ်တဲ့ Sales ၊ After Sales ၊ Spare Parts စတဲ့ ဝန်ဆောင်မှုတွေကို ရန်ကုန်မြို့မှာဖွင့်လှစ်ဖို့အတွက် စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။

Author