FUSO Myanmar မှ Official Partner အဖြစ်ပူးပေါင်းပါဝင်ထားသော WLC: Fearless Tigers လက်ဝှေ့ပွဲကြီး

0

Full article

WLC နဲ့ GTG တို့ကပူးပေါင်းပြီး WLC: Fearless tigers (ကြောက်ရွံ့ကင်းကျား) ပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က မန္တလေးမြို့ မန္တလာသီရိအားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ ပြည်တွင်းကလက်ဝှေ့အကျော်အမော်နဲ့ ပြည်ပကလက်ဝှေ့အကျော်အမော်တို့ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတဲ့ပွဲဖြစ်ပါတယ်။ World Lethwei Championship (WLC): Fearless tigers (ကြောက်ရွံ့ကင်းကျား) ပွဲကို FUSO Myanmar က Official Partner အဖြစ် ပူးပေါင်းပါဝင်ပံ့ပိုးပေးထားတာပါ။ အားလုံးသိကြတဲ့အတိုင်း မြန်မာ့ရိုးရာလက်ဝှေ့ပွဲဟာ ကြိုးဝိုင်းထဲမှာ ကြမ်းကြမ်းတမ်းတမ်းနဲ့ လက်ရုံးရည်၊ နှလုံးရည်၊ ခံနိုင်ရည်ရှိမှုတွေနဲ့ ပေါင်းစပ်ပြီး ယှဉ်ပြိုင်ထိုးသတ်ကြတာပါ။ အလားတူပဲ FUSO ရဲ့ Truck ကားကြီးတွေဟာလည်း လမ်းမတွေပေါ်မှာ ကြမ်းကြမ်းတမ်းတမ်းနဲ့ မောင်းနှင်သွားလာနိုင်ပြီး မာကျောမှုတွေ ခံနိုင်ရည်ရှိမှုတွေနဲ့ ပေါင်းစပ်ထားပြီး ရေရှည်အသုံးပြုနိုင်အောင် စံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။

WLC: Fearless Tigers (ကြောက်ရွံ့ကင်းကျား) လက်ဝှေ့ပွဲကို မြန်မာ့ရိုးရာလက်ဝှေ့ဖြစ်တဲ့ စနစ်သစ် ၅ ချီစိန်ခေါ်ယှဉ်ပြိုင်တဲ့ တွဲဆိုင်း ၅ ဆိုင်း အပါအဝင် တွဲဆိုင်းပေါင်း ၁၃ ဆိုင်း ပါဝင်ယှဉ်ပြိုင်ထိုးသတ်သွားခဲ့ပါတယ်။ WLC: Fearless Tigers (ကြောက်ရွံ့ကင်းကျား) ရဲ့ ခေါင်ပွဲဖြစ်တဲ့ လိုက်မစ်ဒယ်ဝိတ် (၆၇-၇၁ ကီလို) ၅ ချီကို သွေးသစ်ဝင်းလှိုင် (မြန်မာ) နဲ့ ဘရုလက် (ဂျာမနီ) တို့က ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ဒု-ခေါင်ပွဲကိုတော့ လိုက်ဝယ်လ်တာဝိတ် (၆၇-၇၁ ကီလို) နီကိုလာဘာ့ခ် (မြန်မာ) နဲ့ ဘီယန်ကာဘာလက်ဂျ်တီ (ဟန်ဂေရီ) တို့က ၃ ချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပါတယ်။ ဒု-ခေါင်ပွဲရဲ့ ပထမအချီမှာ စပါးအုံးမြွေမလေးလို့ တင်စားခေါ်ကြတဲ့ နီကိုလာဘာ့ခ် ကတော့ သူမရဲ့ပြိုင်ဘက် ဘီယန်ကာရဲ့ သတ်လုံးသတ်ကွက်တွေကို လိမ်မာပါးနပ်စွာရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒုတိယအချီမှာတော့ ဘီယန်ကာက အတင်းကြိုးစား လူချင်းကပ်ပြီးထိုးခဲ့ပေမဲ့ နီကိုလာဘာ့ခ် က ပါးပါးနပ်နပ်ရှောင်တိမ်းခဲ့ပြီး တန်ပြန်တိုက်စစ်တွေဖြစ်တဲ့ ထောက်လက်သီး ဝိုက်တံတောင်နဲ့ အမြင့်ကန်ချက်တွေရဲ့တုံပြန်မှုက ဘီယန်ကာကို ထိမိလွန်းလှပါတယ်။ နောက်ဆုံးအချီမှာတော့ ဘယ်သူမှအလဲမထိုးနိုင်ခဲ့ပေမဲ့ စပါးအုံးမြွေမလေး နီကိုလာဘာ့ခ် ကတော့ ဒိုင်လူကြီးတွေရဲ့အမှတ်ပေးဆုံးဖြတ်ချက်အပြီးမှာ ပရိသတ်လက်ခုပ်သံတွေနဲ့အတူ ကြိုးဝိုင်းထဲမှာ မြန်မာနိုင်ငံအလံကို လွှမ်းခြုံပြီးအောင်ပွဲခံခဲ့ပါတယ်။

ခေါင်ပွဲရဲ့ ပထမအချီမှာတော့ သွေးသစ်ဝင်းလှိုင်နဲ့ ဘရုလက်တို့ဟာ ကန်ချက်၊ ထောက်လက်သီး တွေနဲ့ အကဲစမ်းခဲ့ကြပြီး ဒုတိယအချီမှာတော့ သွေးသစ် ရဲ့သတ်လုံးသတ်ကွက်တွေက ထိမိလွန်းလှပါတယ်။ တစ်ကြိမ်မှာတော့ သွေးသစ်ရဲ့ ညာလက်သီးတစ်ချက်ဝင်ပြီး ထပ်ဆင့်ဘယ်ပင့်လက်သီးက ဘရုလက်ရဲ့မေးရိုးကို ပြင်းပြင်းထန်ထန်ထိမိပြီး ဘရုလက်မှာတော့ ပြန်မထနိုင်ပဲအရှုံးပေးခဲ့ရပါတယ်။

ပရိသတ်တွေရဲ့ခန့်မှန်းမှုနဲ့တစ်ထပ်တည်းကျခဲ့တဲ့ WLC: Fearless Tiger (ကြောက်ရွံ့ကင်းကျား) ပွဲမှာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းလွန်းပြီး အားပေးမှုလက်ခုပ်သံတွေက မန္တလာသီရိအားကစားရုံရဲ့အပြင်ဘက်ကိုတောင် လျှံထွက်ကုန်ပါတော့တယ်။

FUSO Myanmar က Official Partner အဖြစ် ပူးပေါင်းပါဝင်ခဲ့တဲ့ WLC: Fearless Tigers ကြောက်ရွံ့ကင်းကျားပွဲမှာ TV3340 နဲ့ FZ4928 စတဲ့ Truck ယာဥ်အမျိုးအစားနှစ်မျိုးကိုပါ ပြသရောင်းချခဲ့ပါတယ်။ ပရိုမိုးရှင်းအနေနဲ့ 10 units အထိကို အထူးစျေးနှုန်းနဲ့ ရောင်းချသွားမယ်လို့ဆိုပါတယ်။ အထူးစျေးနှုန်းတွေကတော့ TV3340 ယာဥ်ကို $85,000 နဲ့ရရှိနိုင်ပြီး FZ4928 ကိုတော့ $54,000 နဲ့ ရရှိမှာဖြစ်ပါတယ်။


After Sales Service ဖြစ်တဲ့ အဆိုပါ ယာဥ်တွေကို 300,000 km or 3 years free maintenance service တွေ ပေးသွားဦးမှာဖြစ်ပြီး လာမယ့်နှစ်မှာလည်း 3S ဖြစ်တဲ့ Sales ၊ After Sales ၊ Spare Parts စတဲ့ ဝန်ဆောင်မှုနဲ့ အရောင်းပြခန်းကို ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်မှာ ဖွင့်လှစ်သွားမယ်လို့လည်းသိရပါတယ်။

Author