FUSO မှ TV 3340 (Thunderbolt) ဆယ်ဘီးခေါင်းတွဲကားသစ်များကို မြန်မာနိုင်ငံဈေးကွက်သစ် စတင်မိတ်ဆက်

0

Full article

FUSO မှ ၂ဝ၁၈ ခုနှစ်အတွင် မြင်းကောင်ရေ ၄ဝဝ အားရှိ TV 3340 (Thunderbolt) ဆယ်ဘီးခေါင်းတွဲကားသစ်များ မြန်မာနိုင်ငံဈေးကွက်သစ်သို့ မိတ်ဆက်ပွဲကို စက်တင်ဘာ ၁၄၊ ၁၅၊ နှင့် ၁၆ ရက်နေ့များ တွင် တောင်ကြီးဂေါက်ကွင်း၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ရှမ်းပြည်ဈေးကွက်ကို အသစ်မိတ်ဆက်လျက်ရှိသော TV 3340 (Thunderbolt) ဆယ်ဘီးခေါင်းတွဲကားသစ်ကြီးကို စမ်းသပ်မောင်းနှင်နိုင်သည့်အခွင့်အရေးနှင့်အတူ စမ်းသပ်မောင်းနှင်ခွင့်ရရှိသည့် တောင်ကြီးမြို့မှ ကုန်တင်ယာဉ်မောင်းဆရာ တစ်ဦးမှလည်း " အခုလို TV ဆယ်ဘီးခေါင်းတွဲကြီးကို မောင်းနှင်ကြည့်တဲ့အခါ အရသာကတော့ တခြားကားတွေနဲ့မတူတာ အမှန်ပါဘဲ၊ အဆွဲအရုန်းရော၊ နှင်းရင် နှင်းသလောက် ရောက်ရှိနိုင်သည့် နှုန်းတွေကလည်း ကျွန်တော်တို့မောင်းသူတွေအတွက် အကြိုက်ပါဘဲ၊ အခုကားမျိုးနဲ့ဆိုရင် ရှမ်းပြည်အရှေ့ပိုင်းအထိ အန္တရာယ်ကင်းကင်းမောင်းနှင်နိုင်မှာ သေချာပါတယ်" လို့ သူရဲ့ စမ်းမောင်းနှင်မှုအပေါ်ခံစားချက်ကို ပြောကြားသွားခဲ့သည်။

အဆိုပါပြပွဲတွင် FUSO လုပ်ငန်းသုံးကားများဖြစ်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး TV ဆယ်ဘီးခေါင်းတွဲ၊ FV ဆယ်ဘီးခေါင်းတွဲ နှင့် မြေကြီးများကိုလွယ်လင့်တကူ သယ်ယူပို့ဆောင်ပေးနိုင်သော FJ Tipper (Dump Truck)၊ လုပ်ငန်းသုံးဝန်းထမ်း ကြို/ပို့အဖြစ်သော်လည်းကောင်း၊ ခရီးတို၊ရှည် သွားလာရေးအတွက် အသုံးဝင်စေမည့် ROSA ဘတ်စ်ကားများအပြင် FUSO Genuine Spare part၊ Mobile Service Truck Facility တို့ကိုပါ တွဲဖက်ပြသခဲ့သည့်အပြင် Mercedes-Benz လုပ်ငန်းသုံး Sprinter နှင့် Vito ကားသစ်များကိုလည်း ပြသခဲ့ကြောင်းသိရသည်။

Author