Full article

[ယခင်သတင်းတွင်](http://www.myanmarcarsdb.com/car-permits-for-burmese-from-abroad/ "ပြည်ပရောက်မြန်မာများ") ဖေါ်ပြထားသည်နှင့်ပါတ်သက်၍

နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသူ လုပ်သားများ အတွက် မော်တော်ယာဉ် တင်သွင်းမှုကို စီးရေ သုံးထောင်စတင်ကာ လက်ခံမှာဖြစ်ကြောင်း၊

တင်ပြလာတဲ့ လျှောက်လွှာတွေကိုလည်း အစဉ်အတိုင်း မှတ်ပုံတင် စိစစ်ပြီး ပြည်ပအလုပ်အကိုင် စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှ ဆုံးဖြတ်ကာ မော်တော်ယာဉ် တင်းသွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီကို ထောက်ခံ တင်ပြပေးမှာ ဖြစ်ပါကြောင်း နှင့်

ပြည်ပမှာ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်တွေမှာ ရှိတဲ့ Labour Exchange Office တွေမှာလည်း ကြော်ငြာ စာရွက်တွေ ကပ်ပေးထားမှာ ဖြစ်ကြောင်း MRTV-4 သတင်းဌာနမှ တဆင့် သိရပါတယ်။

Author