အဲယားကွန်းအပြည့်အဝပေးနိုင်ပြီး စီးနင်းသူခရီးသည်တင်အား ဝန်ဆောင်မှုပေးနိုင်သည့် ကားများ အများပိုင်ကုမ္ပဏီ တွင်ပါဝင်နိုင်ရမည်ဖြစ်

0

Full article

ရန်ကုန်မြို့အများပြည့်သူ ခရီးသည်ပို့ဆောင်ရေးတွင် ပြေးဆွဲနေသောကားများ အနေဖြင့် အဲယားကွန်းအပြည့်အဝပေးနိုင်ပြီး စီးနင်းသူခရီးသည်အား ဝန်ဆောင်မှုပေးနိုင်သည့် ကားများ အများပိုင်ကုမ္ပဏီတွင် ပါဝင်ခွင့်ရနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ခရီးသည်သယ်ယူပို့ဆောင်ရေးအသုံးပြုရာ၌ မော်ဒယ်မြင့်ကားများကိုပဲ အများပိုင်ကုမ္ပဏီမှာ ပါဝင်ပြေးဆွဲခွင့်ရှိမှာဖြစ်သော်လည်း ကားကြံခိုင်မှုရှိပြီး ခရီးသည်ဝန်ဆောင်မှူ အပြည့်အဝပေးနိုင်သောကားများလည်း ပါဝင်နိုင်ပါတယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းအတွင်း အများပြည်သူခရီးသည်ပို့ဆောင်ရေးကို အာဏာပိုင်အဖွဲ့အနေဖြင့်ပဏာမ လုပ်ဆောင်မည်ဖြစ်ရာ စည်းကမ်းချိူ းဖောက်သောကားများကို ထိရောက်စွာအရေးယူဖမ်းဆီးသွားတော့မှာဖြစ်ပါတယ်။ ကားအိုကားယောင်းများဖြစ်သည့် ဒိုင်နာကားများနဲ့ ဘီအမ်ကားများကို မြို့ပြင်ပများတွင်သာပြေးဆွဲခွင့်ရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က သိရပါတယ်။ ခေတ်သစ်

Author