စက်သုံးဆီအရည်အသွေး 500ppm အစား ဒီဇယ် 10ppm ပြောင်းလဲသုံးစွဲရန်ရှိ

0

Full article

ပြည်တွင်းတွင် သုံးစွဲနေသော စက်သုံးဆီအရည်းအသွေးကို နိုင်ငံတကာအဆင့်နှင့်အညီ 500ppm အစား ဒီဇယ် 10ppm ပြောင်းလဲသုံးစွဲရန်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးသူများအသင်းမှ သိရသည်။

ပြည်တွင်းစက်သုံးဆီ အရည်အသွေး ပြောင်းလဲလိုက်ခြင်းတွင် ဆာဖာပါဝင်မှု ၁ဝ နီးပါးခန့်လျှော့ကျသွားမည် ဖြစ်ရာလေထုနှင့်ရေထုညစ်ညမ်းမှုနှင့်နည်းပါးစေသည့်အတွက်ပြောင်းလဲသုံးစွဲခြင်းဖြင့်တိုင်းပြည်အတွက် အကျိုးရှိ ကြောင်းပြီး ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင်ဒီဇယ်နှင့်ပက်သက်၍ 10ppmသို့ပြောင်းလဲသုံး စွဲနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးသူများ အသင်းဆွေးနွေးပွဲက သိရပါသည်။

"စက်ရုံတွေကိုကထုတ်တာလည်း 10ppm ပဲထုတ်တော့တယ်။ အာဆီယံမှာ 500ppm ကို သုံးစွဲတဲ့ နိုင်ငံက အင်ဒိုနီးရှားနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ပဲကျန်တော့တယ်။ ဒါကဆာဖာပါဝင်မှုအပေါ်မှာ အများကြီး မှုတည်ပါတယ်။ ဈေးတစ်အားကြီးနေတယ်ဆိုရင်တော့ လေးလေးနက်နက်စဉ်းစားရမယ်။ အခုက ဈေးတစ်အားမကြီးဘူး။ အခု ကျွန် တော်တို့သုံးနေတဲ့ဆီက 500ppm နဲ့ ဈေးနှုန်း ကွာဟချက်က ဆီတစ်လီတာကို ဒီနေ့ငွေ ၃ကျပ်လောက်ပဲ ကွာပါ တယ်။ ဆီသုံးစွဲသူကတော့နည်းနည်းပိုပေးလိုက်ရမယ်။ ဒါပေမဲ့တခြားကျန်တဲ့ဆီမသုံးစွဲတဲ့ ပြည်သူအားလုံး ကတော့ ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ကိုရမှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးသူများ အသင်းအတွင်းရေးမှူး ဦးဝင်းမြင့်ကပြောကြားခဲ့သည်။

ပြည်တွင်းတွင် အသုံးပြုနေသည့် စက်သုံးဆီ အရည်အသွေးပြောင်းလဲသုံးစွဲရမည်ဆိုလျှင် စက်သုံးဆီအရည်အသွေး ကို တစ်ပြေးညီ သတ်မှတ်၍ ပြောင်းလဲဆောင်ရွက်သင့်ကြောင်း သိရသည်။
Regulation

Author