လက်ရှိပြည်တွင်း စက်သုံးဆီဈေးမှာ ဖြစ်သင့်ဖြစ်ထိုက်သော ဈေးဖြစ်ပြီး အာဆီယံနိုင်ငံအတွင်း အနည်းဆုံးဈေးနှုန်းဖြစ်ဟုဆို

0

Full article

ပြည်တွင်း၌ စက်သုံးဆီဈေးနှူန်းများမြင့်တက်လာခဲ့ပြီး လက်ရှိစက်သုံးဆီဈေးမှာ အာဆီယံနိုင်ငံအတွင်း အနည်းဆုံးဈေးနှုန်းဖြစ်ဟု မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းမှ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် က ပြောပါသည်။

ပြည်တွင်း စက်သုံးဆီဈေးနှူန်းများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချခွင့်ပြုပါက ဈေးနှုန်းများ ကျဆင်းနိုင်ကြောင်း၊ ထို့အပြင် စက်သုံးဆီကို မြန်မာနိုင်ငံအနေဖြင့် တိုက်ရိုက်တင်သွင်းနိုင်ခြင်းမရှိသေးပဲ တစ်ဆင့်ခံ ဝယ်ယူရသည့်အတွက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာနေကြောင်း သိရပါသည်။

"ဆိပ်ကမ်းကို ရောက်နေတဲ့ ဈေးက တစ်လီတာကို ၉၆၆ ကျပ်ရှိ်တယ်။ ဆိပ်ကမ်းရောက်ဈေးနှုန်းနဲ့ လက်ရှိဈေးကွက်မှာ ရောင်းနေတဲ့ ဈေးနှုန်းက ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးနှုန်းပါ"ဟု မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းမှ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် က ပြောပါသည်။

ပြည်တွင်းတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ရောင်းချနေသည့်စက်သုံးဆီဈေးနှုန်းတွေဟာ ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ အညီ ဖြစ်သင့် တဲ့ ဈေးနှုန်းဖြစ်စေရေး အတွက် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအသင်း (MPTA) မှ စက်သုံးဆီ ဈေးနှုန်း ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်း စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးမတ် ၁၂ ရက်ကပြောဆိုခဲ့ပါသည်။

လက်ရှိအချိန်တွင် ပြည်တွင်းစက်သုံးဆီ ဈေးနှူန်းများမှာ ဒီဇယ်ဆီ တစ်လီတာ ကျပ်(၁ဝ၁ဝ)၊ Premium တစ်လီတာ ကျပ်(၁ဝ၂ဝ) ၊ 95 RON တစ်လီတာ ကျပ်(၁ဝ၃ဝ)၊ Octane တစ်လီတာ ကျပ်(၉၈ဝ) ဖြင့်ပြည်တွင်းစက်သုံးဆီဈေးရောင်းချလျှက်ရှိကြောင်း သိရပါသည်။

Author