လောင်စာဆီဈေးနှုန်းသက်သာအောင်လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား

0

Full article

![width=300](/redline/content/images/2017/05/ege-1-300x200.jpg)

ပြည်တွင်းလောင်စာဆီဈေးနှုန်းအားသက်သာအောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မေလ ၂ဝရက် တွင်ရန်ကုန်မြို့မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင်ပြုလုပ်သောနိုင်ငံတော်ဒုသမ္မတ(၁)နှင့်မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ(၆)ကြိမ်မြောက်တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရန်ကုန်တိုင်းအတွင်းမှာရေနက်ဆိပ်ကမ်းမှာ ကုန်သေတ္တာမချနိုင်သေးရင်တောင်မှ ဓါတ်ဆီဒီဇယ်တွေကို ဈေးနှုန်းချနိုင်ဖို့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ကုန်စည်စီးဆင်းမှုအတွက် အရေးကြီးဆုံး ဈေးအသက်သာဆုံးသွားနိုင်မယ့်နည်းလမ်းကို ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဟုဝန်ကြီးချူ ပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ နိုင်ငံတကာဈေးကွက်နှင့်မယှဉ်ပြိုင်နိုင်ခြင်းမှာ ကုန်စည်စီးဆင်းမှုစရိတ်အနေအထားအရ ၃ဝရာခိုင်နှုန်းဖြစ်နေ၍ နိုင်ငံ၏စီးပွားရေးမှာ တိုးတက်လာခြင်းမရှိသည့်အပြင်ကုန်စည်စီးဆင်းမှုစရိတ်မှာလည်း ၁၅ ရာခိုင်နှုန်းအထက်ကိုရောက်ပြီဆိုပါက လုပ်ငန်းရှင်များအတွက်ပါ စီးပွားမဖြစ်တော့သည့်အခြေအနေများကြောင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။ ထိုကဲ့သို့အခြေအနေများကြောင့်ရေလမ်းကြောင်းဖြစ်သယ်ယူပို့ဆောင်မည်ဆိုပါက စရိတ်စကသက်သာသည့်အတွက် ကုန်းလမ်းကြောင်း လောင်စာဆီဈေးနှုန်း ချနိုင်ဖို့အတွက် သီလဝါ ဆိပ်ကမ်းအသစ်များပေါ်လာမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုတွေပိုလုပ်နိုင်မှာဖြစ်ကြောင်း နှင့်ဆိပ်ကမ်းသစ်များဖော်ဆောင်ရေးအတွက် ကုန်းတွင်းဆိပ်ကမ်းများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်နေရာများသတ်မှတ်ကာစီစဉ်ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရသည်။

ခေတ်သစ်

Photo Credit

Author