ယနေ့ ဇွန်လ ၁၄ ရက် ၂ဝ၁၆ ခုနှစ် တွင်ကျရောက်သော ကမ္ဘာ့ သွေးလှုသူများနေ့မှာ ပါဝင်ဆင်နွှဲ ဒါနပြုပေးခဲ့တဲ့ CarsDB နှင့် Max Energy

0

Full article

ကမ္ဘာ့သွေးအလှုရှင်များနေ့ (World Blood Donor Day) မှာ ABO သွေးအုပ်စုစနစ် ကိုစတင်တွေ့ရှိခဲ့တဲ့ နိုဘယ်ဆုရှင် Karl Landsteiner ရဲ့ မွေးနေ့ ဇွန် ၁၄ရက်နေ့ကို အစွဲပြုကာ WHO ၊ International Federation of Red Cross နှင့် Red Crescent Societies အဖွဲ့အစည်း တို့မှ ၂ဝဝ၄ ခုနှစ်မှာစတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကာ ယခုဆိုလျှင် ကမ္ဘာနှင့်တစ်ဝှမ်း ပါဝင်ဆင်နွှဲကျင်းပနေကြပြီဖြစ်ပါတယ်။

ထိုနေ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သွေးလှုသူများကို ကျေးဇူးတင်ခြင်းအထိမ်းအမှတ်နှင့် ဂုဏ်ပြုပွဲလေးတွေပြုလုပ်ကြသလိုပဲ သွေးလှုသူများကလည်း ထိုနေ့တွင် တစ်စုတစ်စည်းထဲ သွေးလှုခြင်းစတဲ့ ကောင်းမှုကုသိုလ်လေးတွေပြုလုပ်ခဲ့ကြပါတယ်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ထိုသို့ကောင်းမွန်သည့် ပွဲတော်မျိုးကို လက်ဆင့်ကမ်းပေးချင်တဲ့ စေတနာနှင့် CarsDB နှင့် Max Energy တို့မှ ပူးပေါင်းပြီး ကမ္ဘာ့သွေးလှုရှင်များနေ့တွင် သွေးလှုမည့်သူများကို ဂုဏ်ပြုပေးသောအားဖြင့် အမျိုးသားသွေးလှုဘဏ် (အမှတ် ၈၇ ဗိုလ်ချုပ်လမ်း လသာမြို့နယ် ) မှ အပြန် မည်သည့်နေရာကိုမဆို သွေးလှုဘဏ်ရှေ့တွင် အခမဲ့ taxi အစီး ၄ဝ ထားရှိပေးထားပေးပြီး လိုရာခရီးသို့ အရောက်ပို့ပေးခဲ့သည့်အပြင် CarsDB မှ ဝန်းထမ်းများမှလည်း တစ်တပ်တစ်အား သွေးလှုခြင်း ဒါနပြုခဲ့ကြောင်း ကုသိုလ်ပေး အမျှဝေလိုက်ပါတယ်ခင်ဗျာ။

Author