၂ဝ၁၈ တွင် ဖရီးပါမစ်ဖြင့် ကားတင်သွင်းမှုကို ဆက်လက်ခွင့်ပြုမည်

0

Full article

Photo Credit

၂ဝ၁၈ တွင် ဖရီးပါမစ်နှင့် ဆက်လက်ခွင့်ပြုပေးသွားမည်ဟု စီးပွား/ကူးသန်း ဝန်ကြီး ဌာနက သိရသည်။ ဖရီးပါမစ်နှင့် ကားတင်သွင်းရာတွင် သန်းခေါင်စာရင်း၊ မှတ်ပုံတင် ပါရှိရမှာဖြစ်ပြီး ပါမစ်လျှောက်ထား သူကိုယ်တိုင် လာရောက်လျှောက်ထားမှသာ ခွင့်ပြုပေးသွားမှာဖြစ်သည်ဟု သိရသည်။ "လူကိုယ်တိုင်တော့ လာရောက်လျှောက်ထားဖို့လိုပါတယ်။ ဖရီးပါမစ်နဲ့ ကားတင်သွင်းတာကို ပိတ်မှာမဟုတ်ပါဘူး။ ဆက်ပြီးခွင့်ပြုပေးသွားမှာပါ။"ဟု စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ ပါမစ်ခွင့်ပြုပေးတဲ့ အရာရှိက ပြော ပါတယ်။ ယခုအခါ ၂ဝ၁၅ ကနေ ၂ဝ၁၇ မော်ဒယ် စလစ်ကပ်ကားများကို ဖရီးပါမစ်ဖြင့် ဘယ်မောင်းတစ်မျိုးတည်းကို သာ ခွင့်ပြုပေးလျက်ရှိပြီး ယခင် လဝကသို့ တင်ပြထားသည့် ပါမစ်များကိုလည်း လဝကသို့ တင်ပြရန်မလို အပ်တော့ဘဲ လာရောက်လျှောက်ထားခွင့်ပေးသွားမှာ ဖြစ်သည်ဟု သိရသည်။

ခေတ်သစ်

Author