ဖရီးပါမစ် လျှောက်ထားသော လိုင်စင်ပါမစ်များကို အောက်တိုဘာ ဒုတိယအပတ်တွင် ပြန်ချပေးမည်

0

Full article

သြဂုတ်လ ပထမအပတ်အတွင်း လျှောက်ထားသော ဖရီးပါမစ်များကို အောက်တိုဘာလ ဒုတိယအပတ်တွင် ပြန်ချပေးသွားမှာ ဖြစ်သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနထံမှ သိရသည်။

"အောက်တိုဘာ ဒုတိယအပတ်မှာ ပါမစ်တွေ ပြန်ချပေးဖို့ လုပ်နေပါတယ်။ ရုံးပိတ်ရက်တွေကလည်းရှိတော့ အတက်နိုင်ဆုံး မြန်မြန်ပြန်ချပေးမှာပါ။ နောက်လျှောက်တဲ့ ပါမစ်တွေကိုလည်း အရင်အတိုင်း လက်ခံပေးပါတယ်။"လို့ စီးပွား/ကူးသန်းဝန်ကြီးဌာန ပါမစ်ခွင့်ပြုထုတ်ပေးရေးဌာနခွဲမှ အရာရှိက ပြောကြားသည်။

ထိုသို့ personal ပါမစ်များ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မှန်၊မမှန် စစ်ဆေးမှုကို စီးပွား/ကူးသန်းဝန်ကြီးဌာနက တစ်ဆင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသို့ ပို့ဆောင်စစ်ဆေးနေရာ အချိန် နှစ်လ နီးပါးအထိ ကြာမြင့်နေခြင်းကြောင့် ကားတင်သွင်းနေသူများ အခက်အခဲဖြစ်ပေါ်နေလျက်ရှိသည်ဟု သိရသည်။

ယခု အောက်တိုဘာလ ဒုတိယအပတ်တွင် နှစ်လကျော်ကြာ တင်ပြထားသော ပါမစ်အစောင်ရေ ၁၆ဝ ကျော်ကို ပြန်ချပေးမှာ ဖြစ်ပြီး လဝကတွင် ကျန်ရှိနေသည့် ပါမစ်များကိုလည်း ဆက်သွယ်၍ တောင်းခံထားကြောင်း သိရသည်။

ခေတ်သစ်

Author