၁လ ကျော်ကြာနေသည့် ဖရီးပါမစ် အစောင် ၂၇ဝ ကို ယခု အပတ်အတွင်းပြန်လည် ချပေးမည်

0

Full article

Photo Credit

လွန်ခဲ့သည့် သြဂုတ်လက စတင်ပြီး လဝကသို့ တင်ပြထားသော ဖရီးပါမစ် အစောင် ၂၇ဝ ကို ယခု အပတ်အတွင်း ပြန်ချပေးသွားမှာဖြစ်သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနက သိရသည်။

ပြည်ပမှ မော်တော်ယာဉ်များတင်သွင်းရန် ဖရီးပါမစ်လျှောက်ထားသူများကို မှတ်ပုံတင် သန်းခေါင် စာရင်း မှန်၊ မမှန် စစ်ဆေးနေမှုသည် အချိန်ကြာမြင့်နေသည်အထိ ဖြစ်ပေါ်နေခြင်းကြောင့် ကားပါ မစ်လျှောက်ထားသူများက အမြန်ဆုံးပြန်လည် ချပေးရန် လိုအပ်နေကြောင်းသိရသည်။

ထိုပါမစ်အစောင် ၂၇ဝ အား သန်းခေါင်စာရင်း၊ မှတ်ပုံတင် မှန်၊ မမှန် စစ်ဆေးခြင်းကို မပြုလုပ်တော့ ဘဲ စီးပွား/ကူးသန်းဝန်ကြီးဌာနကနေ ပြန်လည်တောင်းယူထားပြီး လာမည့် အပတ်တွင် ပြန်လည် ချပေးသွားမှာဖြစ်သည်ဟု သိရသည်။

"ဖရီးပါမစ်လျှောက်ထားတာတွေ အကုန်ပြန်ချပေးသွားမှာပါ။ လဝက ကိုလည်း တောင်းထားပါတယ်။
နောက်ပိုင်းကျ လူကိုယ်တိုင် လာရောက်ရင် ခွင့်ပြုပေးမှာပါ"ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနက တာဝန်ရှိသူက ပြောကြားသည်။

ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့် ပြုသွားမည့် မိုဒယ်သတ်မှတ်ချက်များကိုလည်း လာမည့် အောက်တိုဘာလတွင် ထုတ်ပြန်ကြေညာ ပေးသွားမှာ ဖြစ်သည်ဟု သိရသည်။

ဖရီးပါမစ်နှင့် ကားတင်သွင်းရန် သြဂုတ်လ ပထမအပတ်မှ စပြီး လဝကသို့ ပို့ဆောင်ထားရှိသည့် ပါမစ်အစောင်ရေ ၂၇ဝ ခန့်ရှိနေသည်ဟု သိရသည်။

ခေတ်သစ်

Author