Full article

ရန်ကုန်တိုင်းတွင် တက္က စီများပြားနေပြီဖြစ်၍ တင်သွင်း ရန်ရပ်နားလိုက်ပြီဆိုသော်လည်း ကားအရောင်းပြခန်းများအတွက် တင်သွင်းခွင့် တောင်းဆိုပေးသွား မည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သ တင်းရရှိသည်။

ကားအရောင်းပြခန်း ပိုင်ရှင် များက Free ပါမစ်ဖြင့် မော်တော် ယာဉ်တင်သွင်းခွင့်ပေးရန် စီးပွား ကူးသန်းဝန်ကြီးဌာနသို့ တောင်း ဆိုလာ၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တရားဝင်စာရေး တောင်းဆိုမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း မြင့်က ပြောသည်။

''ရတာ၊ မရတာတော့ တစ် ပိုင်းပေါ့။ တောင်းဆိုလာတာဆို တော့ ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ်ကို ကျွန်တော်ကိုယ်တိုင် စာရေးပြီးတော့ တင်ပြတောင်းဆို ပေးသွားပါမယ်'' ဟု ပြည်ထောင် စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

တက္ကစီတင်သွင်းမှုသည် ရန် ကုန်တိုင်းဒေသကြီးအတွက် များ ပြားနေသဖြင့် တင်သွင်းခွင့် ရပ် နားထားပြီဟု ကုန်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ကားအရောင်း ပြခန်း ပိုင်ရှင်များကို အပ်ကုန်စ နစ်ဖြင့် တင်သွင်းမှုပေါ်တွင် တက္က စီအစီး ၃ဝ စီ တင်သွင်းခွင့် ပြု ထားသော်လည်း Free ပါမစ်ဖြင့် တက္ကစီတင်သွင်းခွင့် ထပ်မံရနိုင် ရန် မြန်မာ့မော်တော်ယာဉ် ထုတ် လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းမှ ပြုလုပ် သော အသင်းသားစုံညီအစည်းအ ဝေးနှင့် မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အမျိုးသားအ ဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ထံ တောင်းဆိုလိုက်ခြင်းဖြစ် သည်။တိုင်းဒေသကြီး၏ ထောက်ခံချက်ဖြင့် တက္ကစီများ တင်သွင်း ခွင့် ချထားပေးနေပြီး လူတစ်ဦး ချင်းအနေဖြင့် ရှိပြီးသား တက္ကစီယာဉ်များအတွက်သာ ယာဉ်အို ယာဉ်ဟောင်း ဖျက်သိမ်းမှုဖြင့် ပေးနေသည်။

ရန်ကုန်တိုင်းအတွက် တိုင်း ဒေသကြီးထောက်ခံချက်ဖြင့် ၂ဝဝ၉ခုနှစ်မှစကာ ယာဉ်တင်သွင်းခွင့်ချပေးထားသော တက္ကစီစီးရေမှာ ၁၃ဝဝဝ နီးပါး ရှိနေပြီဖြစ်ပြီး ယာဉ်အိုဟောင်းစနစ်ဖြင့် တင်သွင်းခွင့်ပြုလိုက်သည့် ယာဉ်မှာလည်း ၁၃ဝဝဝ ကျော်ရှိရာ စုစုပေါင်း တက္ကစီစီးရေ ၂၆ဝဝဝ ကျော် ရှိနေပြီဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ သိရသည်။

ယာဉ်အိုယာဉ်ဟောင်းဖြင့် တင်သွင်းသည့် ကားများမှာ ရန် ကုန်တိုင်း ဒေသကြီးတစ်ခုတည်း အတွက် မဟုတ်သော်လည်း အ များစုမှာ ရန်ကုန်မြို့တွင်းသာ ဝင် ရောက်ပြေးဆွဲနေ၍ ရန်ကုန်အတွက် တက္ကစီစီးရေမှာ အလွန်များ နေပြီဟု ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။

Credit : 7 Day Daily Issue No.477

Author