ဖရီးပါမစ် လျှောက်ထားသော လိုင်စင်ပါမစ် အစောင်ရေ ၁၅ဝ ကို ယနေ့ ပြန်လည် ချပေး

0

Full article

သြဂုတ်လ ပထမအပတ်အတွင်း လျှောက်ထားသော ဖရီးပါမစ် လိုင်စင်အစောင်ရေ ၁၅ဝ ကို ယနေ့ (အောက်တိုဘာ ၁ဝ) ပြန်ချပေးနေပြီ ဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနထံကနေ သိရသည်။

"ဖရီးပါမစ် တွေကို ဒီနေ့ ပြန်ချ ပေးနေပါတယ်။ နောက်လျှောက်တဲ့ ပါမစ်တွေကိုလည်း အရင်အတိုင်း လက်ခံပေးမှာပါ။နောက်ထပ်ကျန်နေတဲ့ ပါမစ်တွေကိုလည်း ပြန်ချပေးဖို့ လုပ်နေပါတယ်။ "လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပါမစ်ခွင့်ပြုထုတ်ပေးရေးဌာနက အရာရှိက ပြောပါသည်။

ယခုချပေးသော ဖရီးပါမစ်များသည် ယခင် ၂ လကျော်တင်ပြလျှောက်ထားသည့် ပါမစ်များဖြစ်ပြီး အသစ်လျှောက်ထားလက်ခံမှုများကို ကြိုတင်ကြေငြာပေးသွားမှာ ဖြစ်သည်ဟု သိရပါသည်။

ဖရီးပါမစ် အသစ်ထပ်မံလျှောက်ထားမှုကိုလည်း လဝက သို့မှတ်ပုံတင်၊ သန်းခေါ်စာရင်း စစ်ဆေးရန် တင်ပြစရာမလိုတော့ဘဲ လျှောက်ထားခွင့်ပေးသွားမှာ ဖြစ်သည်ဟု သိရသည်။

အချို့သော လိုင်စင်ပါမစ်များကို လဝကအနေဖြင့် ဝေးလံသော နေရာများသို့ ပြန်လည်တောင်းခံထားရသဖြင့် အမြန်ဆုံးပြန်လည်ချပေးရန်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းသိရသည်။

ခေတ်သစ်

Author