Free permit ဖြင့် ယာဉ်နံပတ်အမြင့် ဝယ်ယူလိုပါက ပိုင်ရှင်ကိုယ်တိုင်လာရောက်ဝယ်ယူမှ ရောင်းချပေးမည်

0

Full article

Free permit ဖြင့် ယာဉ်နံပတ်အမြင့် ဝယ်ယူလိုပါက ပိုင်ရှင်ကိုယ်တိုင်လာရောက်ဝယ်ယူမှ ရောင်းချပေးမှာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာနက သိရပါတယ်။ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်တင်သွင်းလာသည့်ကားများကို ယာဉ်နံပတ်ဝယ်ယူမည်ဆိုလျှင် 2N အက္ခရာနံပတ်ကိုသာ ရောင်းချပေးမှာဖြစ်ရာ ခဲခြစ်ခြင်း မော်တော်ယာဉ်စစ်ဆေးခြင်း မှတ်ပုံတင်ပြုလုပ်မှူကို တစ်ပါတည်းပြုလုပ်ရမှာဖြစ်ပါတယ်။ အကယ်၍ စလစ်ကပ်ကားမဟုတ်သော တစ်ဦးချင်းတင်သွင်းလာသော ယာဉ်ပိုင်ရှင်များမှာ နံပတ်အမြင့်များဝယ်ယူမည်ဆိုပါက ကညန Agent ဖြင့် ဝယ်ယူခွင့်မပြုပဲ ယာဉ်ပိုင်ရှင်ကိုယ်တိုင် လာရောက်ဝယ်ယူရမှာဖြစ်တယ်လို့သိရပါတယ်။ Free permit ကားများတင်သွင်း၍ ယာဉ်မှတ်ပုံတင်လာရောက်ပြုလုပ်လျှင် ယခင်အတိုင်း ကြိုတင်ဝင်ငွေခွန်ဆောင်ရမည်ဖြစ်သဖြင့် နံပတ်အမြင့် လာရောက်ဝယ်ယူရာတွင် ဝင်ငွေခွန်ဆောင်ရမည်ကို သိရှိရန် ပိုင်ရှင်ကိုယ်တိုင် လာရောက်ရမှာဖြစ်တယ်လို့သိရပါတယ်။ ယခုတစ်ပတ်အတွင်း Free permit တင် သွင်းသူများထက် စလစ်ကပ်ကားတင်သွင်းသူများမှာ နံပတ်ဝယ်ယူလုပ်ဆောင်မှူပိုမိုများပြားနေတယ်လို့သိရပါတယ်။

Author