လုပ်ငန်းသုံးယာဉ် ၃ တန်နှင့်အထက်ဖြစ်သော ကားများကိုသာ ပါကင်ထောက်ခံချက်ကင်းလွတ်ခွင့်ပေးရန်တင်ပြထားရှိ

0

Full article

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ လုပ်ငန်းသုံးယာဉ် ၃ တန်နှင့်အထက်ယာဉ်များကိုသာ ပါကင်ထောက်ခံချက်ကင်းလွတ်ခွင့်ပေးရန် တင်ပြထားကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးမှထံမှသိရသည်။ စီးပွားကူးသန်းအနေဖြင့် ကုမ္ပဏီလိုင်စင်ဖြင့်လျောက်ထားရာတွင် လုပ်ငန်းသုံးယာဉ်များ လိုအပ်ချက်ရှိနေသေးသဖြင့် တစ်နှစ်လျှင် အစီး ၅ဝ သာခွင့်ပြုနေရာမှ ကကုမ္ပဏီလိုင်စင်ဖြင့် လျှော်ကထားမှု ၁ဝ စီး ထိ တင်သွင်းခွင့်ဖြေလျော့ပေးခဲ့ကြောင်းသိရသည်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပါကင်ထောက်ခံချက် ကင်းလွတ်ခွင့်ပေးရာတွင ်သာသနာရေးယာဉ် လှုဒါန်းယာဉ်များနှင့် လုပ်ငန်းလိုအပ်ချက်ရှိသော ၃ တန် နှင့် အထက်လုပ်ငန်းသုံးယာဉ်များကို ပါကင်ကင်းလွတ်ခွင့်ပြုရန်တင်ပြထားရှိသည်။

ရန်ကုန်မြို့သည် သယ်ယူပို့ဆောင်ရေးတွင် လိုအပ်လျက်ရှိနေသည့်အတွက် ၃တန်အထက် city bus express ကားများဖြစ်သော လုပ်ငန်းသုံးကားများကို ပါကင်ထောက်ခံချက် ကင်းလွတ်ခွင့်ပြုနိုင်ရန်တင်ပြထားသော်လည်း ယခုအချိန်ထိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကားပါကင်ထောက်ခံချက်နှင့် ပတ်သက်၍သတင်းများထွက်ပေါ်လာခြင်းမရှိသေးကြောင်းသိရသည်။

Author