လက်ရှိကားဈေးကွက်အတွင်းတွင် နှစ်၂ဝ သက်တမ်းရှိအမည်ပေါက်စလစ်တစ်ဆောင်လျှင် ကျပ် ၈၈ သိန်း ရှိ၍ တက္ကစီ စလစ်တစ်ဆောင်လျှင် ၈၇ သိန်း ဝန်းကျင်ဖြင့် အရောင်းအဝယ်အေးဆက်နေလျှက်ရှိကြောင်းသိရသည်။
ရန်ကုန်လိုင်စင်ပိတ်ထားတော့ နယ်လိုင်စင်ကားတွေကို အရင်အပတ်လောက်က အဝယ်ရှိသေးတယ်။အခု အရင်လို အဝယ်ပေးသွားပီ။တော်တော်များများက ရန်ကုန်လိုင်စင်နဲ့ပဲလိုချင်ကြတယ်။ပြန်ရောင်းရတာလည်းလွယ်တယ်။အရေးတကြီးအသုံးပြုမည့်သူလောက်ကိုပဲ ရောင်းနေရတယ်။ လာမေးတဲ့သူတွေကလည်း ရန်ကုန်လိုင်စင်ကိုပဲလာမေးကြတာပါဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ကိုမင်းမင်းကပြောသည်။
စလစ်ကားရှားပါးနေသော်လည်း စလစ်ဈေးထပ်မံမြင့်တက်လာခြင်းမရှိပဲ စလစ်ကားများပါ အရောင်းအဝယ်နည်းပါးနေကြောင်းသိရသည်။
ရန်ကုန်ကားတင်သွင်းသည့် မူဝါဒထွက်ပေါ်လာမည့်အချိန်ကိုသာ စောင့်နေရတဲ့ အချိန်ဖြစ်နေတာကြောင့် မူဝါဒတစ်ခု အမြန်ဆုံးချပေးရန်သာလိုကြောင်းသိရသည်။
ခေတ်သစ်