Full article ၂ဝ၁၆ ခုနှစ်အတွင်း ထုတ်ပေးထားရှိတဲ့ ဖရီးပါမစ်ကားများလိုင်စင်သက်တမ်း ၃ လ တိုးမြှင့်ခွင့် ရရှိမှာဖြစ်၍ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ပါမစ်လိုင်စင်များ သက်တမ်း ၆ လအထိရရှိမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော် လိုင်စင်ထုတ်ပေးရေးဌာနကသိရပါတယ်။ ဖရီးပါမစ်ကားများကို ၂ဝ၁၆ လိုင်စင်ဖြင့် ဒီဇင်ဘာ ၁၉ ရက်နေ့နောက်ဆုံး လိုင်စင်ခွင့်ပြုပေးခဲ့ရာ ၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် လိုင်စင်သက်တမ်းကုန်ဆုံးမည်ဖြစ်၍ စလစ်ကပ်ကားများရဲ့ လိုင်စင်သက်တမ်းမှာ ဇွန်လအတွင်း သက်တမ်းကုန်ဆုံးမှာ ဖြစ်တယ်လို့သိရပါတယ်။ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ဖရီးပါမစ်အစောင်ရေ၂ဝဝဝ ကျော် လိုင်စင်ခွင့်ပြုပေးခဲ့ပီး စလစ်ကပ်ပါမစ်လျှောက်တဲ့ လိုင်စင် ၈ဝဝ ကျော် လိုင်စင်ခွင့်ပြုပေးခဲ့တယ်လို့သိရပါတယ်။ခေတ်သစ် Share this! FACEBOOK TWITTER
Previous Latest News Jan 03, 2017 တစ်ဦးချင်း ကားတင်သွင်းခွင့် ပိတ်ထားသော်လည်း စီးတီးဘတ်စ်များနှါင့်လှုဒါန်းယာဉ်များခွင့်ပြုပေးသွားမည်
Next Latest News Jan 05, 2017 ရန်ကုန်တိုင်းဒေသကြီးတွင် မကြာခင် စတင်ပြေးဆွဲမည့်အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းခရီးစဉ်များ