စက်သုံးဆီလုပ်ငန်းများကို ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုမည်

0

Full article

စက်သုံးဆီလုပ်ငန်းများကိုပြည်ပစီးပွားရေးလုပ်ငန်းရှင်များအား မကြာခင် လုပ်ကိုင်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ မြန်မာ့ရင်းနှီးမြုပ်နှံမှူ ကော်မရှင်က သိရပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှု နှေးကွေးခြင်းနှင့်ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသည် ရေနံနှင့် ဓာတ်ငွေ့ဖြန့်ဖြူးမှုရော အာမခံလုပ်ငန်းအပါအဝင် ပြည်ပမှ တိုက်ရိုက်ရင်းနှီးမှုများအပေါ် ကန့်သတ်မှုများအား ဖြေလျှော့ပေးတော့မည် ဖြစ်သည်။"ရေနံနဲ့ဓာတ်ငွေ့လက်လီဖြန့်ဖြူးရေးမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ကျွန်တော်တို့ ခွင့်ပြုမယ်ဖြစ်ပါတယ်။ အာမခံဝန်ဆောင်မှုတွေမှာ ပိုပြီးလွတ်လွတ်လပ်လပ်ရှိဖို့၊ အသေးစားငွေကြေးဝန်ဆောင်မှုများကို ပံ့ပိုးပေးဖို့ နိုင်ငံတကာကုမ္ပဏီများအား ခွင့်ပြုပေးရန် ကျွန်တော်တို့ စီစဉ်ထားပါတယ်"ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးကျော်ဝင်းက လွန်ခဲ့သောအပတ်တွင် ပြောကြားခဲ့သည်။ ၂ဝ၁၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ သည် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၆ ဘီလီယံကျော် ရရှိခဲ့သည်ဟု ပြောကြားသည်။ သို့သော် ယင်းငွေကြေး ပမာဏသည် ယခင်ဘဏ္ဍာနှစ်ကစံချိန်တင် ဝင်ရောက်ခဲ့သည့် ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံနှင့်နှိုင်းယှဉ်လျှင် များစွာလျော့နည်းလျက်ရှိသည်။ MIC သည် ပြည်တွင်းပြည်ပစီးပွား ရေးလုပ်ငန်းရှင် ၂ဝဝ ကျော်နှင့် မတ် ၁၈ တွင် ရန်ကုန်မြို့ဟိုတယ်တခု၌ အစည်းအဝေးတရပ် ကျင်းပခဲ့သည်။ MIC ဥက္ကဋ္ဌလည်းဖြစ်သူ ဦးကျော်ဝင်းက ရေရှည်နှင့် တည်တံ့ ဖွံ့ဖြိုးမှုအပေါ် အခြေခံပြီး ရင်းနှီးမြှုပ်နှံကြရန် ပြည်ပစီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝန်းအား တိုက်တွန်းသည်။ ပြီးခဲ့သည့်နှစ်က ရင်းနှီးမြှုပ်နှံမှုဥပဒေပြင်ဆင်ချက်ကို ရည်ညွှန်းလျက် ဝန်ကြီးက နိုင်ငံခြားကုမ္ပဏီများသည် ရိုးရှင်း၊ လွယ်ကူ၊ လျင်မြန်သော လုပ်ထုံး လုပ်နည်းများအရ မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံရန် အခွင့်အရေး

များရရှိကြမည်ဟု ပြောသည်။ ဆက်လက်ပြီး ၎င်းက အစိုးရသည် ရင်းနှီး မြှုပ်နှံသူများအပေါ် မလိုလားအပ်သော အကန့်အသတ်များနှင့် အခက်အခဲများကို လျင်မြန်စွာ ဖြေရှင်းပေးမည်လို့ ပြောပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံသူများသည် အခြေခံအဆောက်အအုံ၊ ကုန်တိုက်လုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးအပါ အဝင် ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် ယခင်က ခွင့်မပြုခဲ့သည့်ကဏ္ဍသစ်များ၌ ရင်းနှီးမြှုပ်နှံရန် အခွင့်အရေးရရှိမည်ဟုလည်း သိရပါတယ်။

ခေတ်သစ်

Photo Credit

Author