မြန်မာနိုင်ငံက Ford Truck Month အတူ ခိုင်ခံ့ခက်ထန်သည့် ရာစုနှစ်ပွဲကို စက်တင်ဘာ၌ ဆင်နွဲမည်။

0

Full article

  • Ford Truck Month သည် ၂ဝ၁၇ စက်တင်ဘာ ၁ မှ စတင်ကာ အောက်တိုဘာ ၁၅ အထိဖြစ်သည်။
  • Ford Truck Month သည် 'Built Ford Tough' Ranger နှင့် F-Series pickup ယာဉ်များအား ဂုဏ်ပြုခြင်းဖြစ်သည်။


ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂ဝ၁၇ – Ford Motor ကုမ္ပဏီနှင့် Capital Automotive လီမိတက်တို့သည် Ford ၏ ရာစုနှစ်ချီသော Truck ကား အမွေအနှစ်ပွဲကို ဆင်နွဲရန် စက်တင်ဘာ၌ 'Ford Truck Month' အရောင်း မြှင့်တင်ရေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက် စီစဉ်ထားသည့် ဆင်နွဲပွဲများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရန်ကုန်ရှိ Capital Automotive လီမိတက်သည် Ranger Double Cab အတွက် ကန်ဒေါ်လာ ၃ဝ,၄ဝဝ၊ Rap Cabs အတွက် ကန်ဒေါ်လာ ၂၅,၆၄၁ နှင့် လုပ်ငန်းသုံး pickup အတွက် ကန်ဒေါ်လာ ၂ဝ,၄ဝဝမှ စတင်ကာ ဝယ်ယူ၍ ရသော အထူးအရောင်းမြှင့်တင်ရေးပွဲများကို ပြုလုပ်သွားမည်ဖြစ်သည်။
ကြမ်းတမ်းခက်ထန်သော၊ ယုံကြည်စိတ်ချရသော၊ ပုံစံအချိုးကျပြီး နည်းလမ်းမျိုးစုံ အသုံးပြု၍ရသည့် Ford pickup Truck များသည် သီတင်းပတ်ကုန်နေ့ရက်များတွင် အလုပ်အတွက် ခရီးတိုထွက်ခြင်းမှသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၌ လေးလံသော ဝန်များကို သယ်ယူခြင်းအထိ တစ်ကမ္ဘာလုံးရှိ နိုင်ငံအများအပြားတွင် အသုံးပြုရန် ရွေးချယ်ကြသော ကားများဖြစ်သည်။
Ford သည် ၎င်း၏ pickup Truck ကားများကို အဆင့်ဆင့် ဖြစ်ထွန်းတိုးတက်အောင် ဆောင်ရွက်ရာတွင် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အင်ဂျင်နီယာအတတ်ပညာ အရင်းအမြစ်များနှင့် F-Series ကအစ Ranger အထိ Ford Truck ကားများ၏ ကမ္ဘာနှင့်အနှံ့ ကျော်စောနေသော ဂန္တဝင်မြောက်ဂုဏ်သတင်းကို ပိုမိုမြင့်မား တိုးတက်အောင် ဆောင်ရွက်နေမှုအား ဘယ်တော့မှ ရပ်နားသွားမည်မဟုတ်ပါ။
"Ford Truck Month ပွဲဆင်နွဲရတာနဲ့ ကားလုပ်ငန်းစုရဲ့ အခြေခံစံနှုန်းများကို စဉ်ဆက်မပြတ် သတ်မှတ်အဓိပ္ပယ်ဖွင့်ဆိုနေတဲ့ ကုမ္ပဏီရဲ့ 'Build Ford Tough' pickup truck အမွေအနှစ်ကို ဂုဏ်ပြုရတာ ကျွန်တော်တို့ ဂုဏ်ယူဝမ်းမြောက်ပါတယ်" ဟု Capital Automotive လီမိတက်က ပြောကြားခဲ့သည်။
"မြန်မာနိုင်ငံရှိ ဖောက်သည်များအတွက် Truck များဟာ ရေပန်းအစားဆုံး ကားများဖြစ်ပြီး အလုပ် အတွက်ရော၊ တစ်ကိုယ်ရည်အတွက်ပါ ဘက်စုံအသုံးပြုနိုင်ခြင်းနဲ့အတူ  pick-up Truck ကားအမျိုးအစား ရှာဖွေနေသော ကျွန်တော်တို့၏ ဖောက်သည်များအတွက် Ford Ranger က အရာအရာတိုင်းကို ကိုယ်စား ပြုပေးလျက်ရှိပါသည်။"
Ranger ကို မြန်မာနိုင်ငံတွင် ၂ဝ၁၇ ၌ စတင်မိတ်ဆက်ခဲ့ပြီး ထိုအချိန်ကတည်းက ဈေးကွက်ထဲတွင် Ranger မှာ  Ford ၏ ရောင်းအကောင်းဆုံးကားဖြစ်ခဲ့ပါသည်။
မြန်မာနိုင်ငံရှိ Ford Truck Month အကြောင်း ပိုမိုသိရှိလိုပါက ဖို့ဒ်မြန်မာ၏ တရားဝင် facebook နှင့် Website များသို့ လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ပါသည်။

https://www.facebook.com/FordMyanmar/

#

Ford Motor ကုမ္ပဏီ

Ford Motor ကုမ္ပဏီသည် မီချီကန်ပြည်နယ် ဒီယာဘွန်းမြို့တွင် အခြေစိုက်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ကုမ္ပဏီသည် Ford cars များ၊Truck ကားများ၊အားကစားသုံးကားများ (SUVs)၊ လျှပ်စစ်ကားများနှင့် လင်ကွန်းဇိမ်ခံကားများကို ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်း၊ ဈေးကွက်တင်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး Ford Motor Credit ကုမ္ပဏီမှတဆင့် ဘဏ္ဍရေးဝန်ဆောင်မှုများကိုလည်း ပေးအပ် လျက်ရှိကာ လျှပ်စစ်ကား၊ မောင်းသူမဲ့ကားနှင့် သတင်းနည်းပညာဆိုင်ရာ အဖြေရှာမှုများတွင် ခေါင်းဆောင်မှုနေရာများ ရရှိအောင် ဆောင်ရွက်လျက်ရှိပါသည်။ တစ်ကမ္ဘာလုံးတွင် Ford ဝန်ထမ်းဦးရေမှာ ခန့်မှန်းခြေအားဖြင့် ၂ဝ၃,ဝဝဝ ဦးရှိပါသည်။ Fordနှင့် ၎င်း၏ ကုန်ပစ္စည်းများအပါအဝင် Ford Credit ကုမ္ပဏီနှင့် ပတ်သက်သော သတင်းအချက်အလက်များကို သိရှိလိုပါက www.corporate.ford.com သို့ ဝင်ရောက်ကြည့်ရှုရန်ဖိတ်ခေါ်ပါသည်။

ဆက်သွယ်ရန် –  Peeraya Vongreun

Ford အာဆီယံ နှင့်အာရှပစိဖိတ်

ထွန်းသစ်စ ဈေးကွက်များ

pvongreu@ford.com

+66 2686 4393

ဆက်သွယ်ရန်- ဥက္ကာ

Capital Automotive ကုမ္ပဏီ

+959 2623 73040

okkar@capitalautomotive.net

Author