Ford Myanmar ၏ DSFL ( Driving Skills for Life) ပွဲတော်ကျင်းပ

0

Full article

![](/redline/content/images/2017/05/vfv-300x199.jpg)

Ford Myanmar ၏ ယာဉ်မောင်းသူများ အန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ Driving Skills for Life (DSFL) ပွဲတော်အား မြောက်ဥက္ကလာမြို့နယ် ၊ အမှတ်(၅) က.ပ.ရ ကားဝင်း ၌ မေလ (၂၈) ရက် နှင့် (၂၉) ရက်တို့ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းပွဲသို့ Ford Myanmar မှာ တာဝန်ရှိသူများ နှင့် customer များ အပြင် နယ်ပယ်အသီးသီးမှ ယာဉ်မောင်းကျွမ်းကျင်သူများနှင့် မီဒီယာ စာနယ်ဇင်းတို့ တက်ရောက်ခဲ့ကြသည်ဟုသတင်းရရှိပါတယ်။ DSFL program ရဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအတွင်း မော်တော်ယာဉ်မောင်းနှင်သူများ ကို ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း တွေအပြင် နည်းစနစ်ပိုင်းဆိုင်ရာ အသိပညာပေးခြင်းဖြင့် ယာဉ်မတော်တဆ မှုများမှာ ကြိုတင်ကာကွယ်နိုင်ရန်ဖြစ်ပါတယ်။

DSFL program သည် Ford Myanmar ရဲ့ တရားဝင်အရောင်းကိုယ်စားလှယ်များဖြစ်ကြသော Capital Automotive နဲ့ RMA Group တို့မှဦးစီးပြုလုပ်သည့်အပြင် DSFL training ကိုတက်ရောက်ထားပြီး trainers တွေ နဲ့ပါ ဖွဲ့စည်းထားရှိတာဖြစ်ပါတယ်။ လမ်းအန္တာရယ်ကင်းရှင်းရေးသတိပြုမိစေရန် အသိပညာပေးခြင်း၊ ကားအမောင်းနည်းစနစ်တွေကို စနစ်တကျ လေ့လာစေခြင်းဖြင့် မြန်မာနိုင်ငံတွင် ယာဉ်အန္တာရယ် ဖြစ်ပွားမှုနှုန်း လျော့ကျလာစေရန် Ford မှ လိုအပ်သည်များကို ကူညီသွားမှာဖြစ်တယ် ။ ဒါ့အပြင် DSFL ပွဲမှာ မြန်မာနိုင်ငံက ယာဉ်မောင်းသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခွင့်ရရှိလို့ ကျွန်တော်တို့ဂုဏ်ယူမိပါတယ်။ ဆိုပြီး Capital Automotive မှာ General Manager , Mike Pease ကပြောကြားခဲ့ပါတယ်။ ယင်း DSFL Program တွင် International Automobile Trainer များမှ ယာဉ်အမောင်းသင်ခြင်းနှင့် သက်ဆိုင်သည့် အထွေထွေ ဗဟုသုတ ရစရာများ သင်ကြားပေးသည့်အပြင် Test Drive အစီစဉ်များ၊ Drift Driving အစရှိသည့် ရင်ခုန်စရာ အစီစဉ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။

Author