Ford Myanmar မှ 3rd American Trade Show 2019 ပွဲ၌ main sponsor အဖြစ်ပါဝင်ပြီး Ford Brand New ကားသစ်များကို ပြသရောင်းချလျက်ရှိ

0

Full article

Ford Myanmar ဟာ ရန်ကုန်မြို့ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ဇွန်လ ၇ ရက်နေ့ကနေပြီး ၉ ရက်နေ့အထိ ကျင်းပသွားမယ့် 3rd American Trade Show 2019 ပွဲတွင် main sponsor အဖြစ်ပါဝင်ပြီး Ford Brand New ကားသစ်တွေကို ပြသရောင်းချလျက်ရှိပါတယ်။

3rd American Trade Show 2019 တွင် Ford Myanmar ကနေပြီး Ford Ranger Rab Cab ၊ Ford Ranger Double Cab XLT နဲ့ Ford Everest Trend တွေကို ပြသရောင်းချနေတာပါ။ အဆိုပါကားတွေကို ရန်ကုန်လိုင်စင်နဲ့ 5 years/100,000 km warranty အပါအဝင် Monsoon Special Promotion ဈေးနှုန်းတွေနဲ့ ရောင်းချသွားမယ်လို့သိရပါတယ်။ ဈေးနှုန်းတွေကတော့ Ford Ranger Rap Cab ကို $ 28,500 ၊ Ford Ranger Double Cab XLT ကို $ 36,995 ၊ Ford Everest Trend ကို $ 49,995 ကျသင့်မှာဖြစ်ပါတယ်။

3rd American Trade Show 2019 ပွဲကို ဇွန်လ ၇ ရက်နေ့ကနေပြီး ၉ ရက်နေ့အထိ တပ်မတော်ခန်းမမှာ ကျင်းပသွားမှာဖြစ်ပြီး အမေရိကန်နိုင်ငံမှ Automobile and Heavy Machinery ၊ Technological Products (Mobile, Electronics, Electricals and IT products ၊ Food and Beverages ၊ Cosmetics ၊ Furniture and Household Products ၊ Language School ၊ Tourism and Hospitality ၊ Service Sector ၊ Culture and Business Exchanging  စတဲ့ထုတ်ကုန်တွေနဲ့ဝန်ဆောင်မှုတွေကို ပြသရောင်းချသွားမှာဖြစ်တဲ့အပြင် PUBG Tournament နဲ့ Food Competition အစီအစဉ်တွေလည်း ပါဝင်သွားမယ်လို့သိရပါတယ်။

Zing

Author

Comments