Ford Motor Company မှ နိုင်ငံတကာတွင် ပြုလုပ်ကျင်းပလျှက်ရှိသော ယာဉ်မောင်းသူများ လုံခြုံစွာ မောင်းနှင်ရေး ပညာပေးအစီစဉ် Driving Skills for Life အစီအစဉ်ကို ရန်ကုနု်မြို့တွင် ဒီဇင်ဘာ ၈ ရက်မှ ၁ဝ ရက်နေ့အထိ ကျင်းပပြုလုပ်သွားခဲ့ပြီး မန္တလေးမြို့တွင် ဒီဇင်ဘာ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ တို့တွင် ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
carsdb
Driving Skills for Life အစီအစဉ်တွင် အစိုးရဌာနများ ၊ မီင်္ဒီယာများ ၊ FORD Customer များ ၊ FORD ကားများကို စိတ်ဝင်စားသူများနှင့် လိုင်စင်ရယာဉ်မောင်း ၄ဝဝ ကျော် သင်တန်းတက်ရောက် မောင်းနှင် ကြမည်ဖြစ်ကြောင်းသိရသည်။
carsdb
ရန်ကုန်မြို့တွင် The One Entertainment Park တွင် သင်တန်းကို ပြုလုပ်ခဲ့ပြီး မန္တလေးမြို့တွင်တော့ ချမ်းမြသာစည်လေယာဉ်ကွင်း ဟောင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
carsdb
Driving Skills for Life ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်မှာ " ယာဉ်မောင်းသူများ အန္တရာယ်ကင်းရှင်း လုံခြုံစွာ မောင်းနှင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ဒီအစီစဉ်ကို FORD Local Distributor Partner ဖြစ်တဲ့ Capital Automotive နှင့် RMA Academy မှ International Trainer များနှင့် FORD Global DSFL Team မှ လေ့ကျင့်သင်ကြားပေးထားသော ပြည်တွင်းဝန်ထမ်းများမှ လာရောက် သင်တန်းတက်ရာက်မောင်းနှင်တဲ့ ယာဉ်မောင်းတွေကို သင်တန်းပို့ချမှာ ဖြစ်ပါတယ်" ဟု Capital Automotive မှ General Manager David Stotter က ဆိုသည်။
carsdb
Driving Skills for Life အစီအစဉ်သည် နိုင်ငံတကာတွင် အထင်ကရ ကျင်းပပြုလုပ်လေ့ရှိသည့် FORD ၏ CSR Program တစ်ခု ဖြစ်ပြီး အာရှနိုင်ငံများတွင် ၁ဝနှစ်ကြာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို အာဆီယံနိုင်ငံ ၆ နိုင်ငံတွင်လည်း လိုင်စင်ရယာဉ်မောင်း ၈ သောင်းခွဲကျော်ကို လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ကြောင်း သိရပါ သည်။