Ford က မြန်မာနိုင်ငံတွင် လေးနှစ်မြောက်ရောက်ရှိခြင်း အထိမ်းအမှတ်အဖြစ် အထူး ဈေးရောင်းပွဲကျင်းပပြုလုပ်

0

Full article

Zawgyi

Ford သည် ၎င်း၏ မြန်မာနိုင်ငံတွင်း ဖြန့်ဖြူးရောင်းချမှုများ ပြုလုပ်ပေးနေသော Capital Automotive လီမိတက်နှင့်အတူ Ford ကားများအားလုံးကို အထူးလျော့ဈေးများပေးအပ်ကာ ရောင်းချပေးခြင်းဖြင့် မြန်မာ နိုင်ငံတွင် လေးနှစ်မြောက် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အထိမ်းအမှတ်ပွဲကို အောက်တိုဘာ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

Ford သည် မြန်မာနိုင်ငံတွင် ၎င်း၏ စဉ်ဆက်မပြတ်သော အောင်မြင်မှုများအပေါ် အထိမ်းအမှတ်ပွဲပြု လုပ်ကျင်းပသည့်အနေဖြင့် the Ranger Rap Cab XL, Double Cab XL, Double Cab Base and Everest ကား များကို အထူးဈေးနှုန်းသတ်မှတ်ပေးခြင်း အပါအဝင် လုပ်ငန်းအကောင်အထည်ဖော်မှုများစွာနှင့် online စည်းရုံးလှုပ်ရှားမှုများစွာအား Ford showroom ၌ အောက်တိုဘာ ၁၂ မှ ၁၅ ရက်နေ့တိုင် ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတွင် လုပ်ငန်းအကောင်အထည်ဖော်မှု လေးနှစ်မြောက် အထိမ်းအမှတ်ပွဲကို ကျင်းပပြုလုပ်ရခြင်းအပေါ် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တိုရဲ့ လူကြိုက်များတဲ့ Ford ကား အချို့ ကိုလည်း အ လွန် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဈေးနှုန်းများ သတ်မှတ်ကာ ကမ်းလှမ်းရောင်းချမှုများ ပြုလုပ်လိုပါတယ်" ဟု အာရှပစီဖိတ် ထွန်းသစ်စဈေးကွက်များ၏ စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားရေးမှူး Bagus Susanto က ပြော ကြားခဲ့သည်။ "ရန်ကုန်မြို့တွင် ကျွန်တော်တို့ရဲ့ ကားရောင်းဝယ်ဖြန့်ဖြူးရေး ရုံးစဖွင့်စဉ်ကတည်းက ဖောက် သည်များအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများပေးအပ်နိုင်ရေးကိုသာ အဓိကအလေးထားရန် စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါတယ်" ဟု သူကဆိုသည်။

အရောင်းမြှင့်တင်ပွဲကျင်းပပြုလုပ်သော နေ့ရက်များအတွင်း အထူးဈေးနှုန်းများကမ်းလှမ်းပေးအပ်သည့် အနေဖြင့် The Everest ၏ Ambiente ကို ကန်ဒေါ်လာ ၄၄,၄၄၄ ဖြင့်လည်းကောင်း၊ Trend ကို ကန် ဒေါ်လာ ၅၄,၄၄၄ ဖြင့်လည်းကောင်း၊ Titanium ကို ကန်ဒေါ်လာ ၆၄,၄၄၄ ဖြင့်လည်းကောင်း ရောင်းချခဲ့သည်။ ထို့အပြင် The Ranger Double Cab XL ကို ကန်ဒေါ်လာ ၂၉,၄၄၄၊ Double Cab base ကို ကန်ဒေါ်လာ ၂၈,၄၄၄နှင့် Rap Cab XL ကို ကန်ဒေါ်လာ ၂၄,၄၄၄ အသီးသီးတို့ဖြင့် အထူးဈေးနှုန်းများ သတ်မှတ်ကာ အရောင်းမြှင့်တင်ခဲ့သည်။

The 'Built Ford Tough' Ranger pickup trucks သည် တူမတူအောင်စွမ်းဆောင်ရည်ရှိပြီး ဘက်စုံ သုံးနိုင်သည့်အပြင် နောက်ဆုံးပေါ်နည်းပညာများဖြင့် တပ်ဆင်ထုတ်လုပ်ထားခြင်းဖြစ်သည်။ The Ranger သည် pickup truck ဈေးကွက်တွင် ဒီဇိုင်း၊ သက်သောင့်သက်သာရှိမှုတို့နှင့်ပတ်သက်ပြီး လုပ်ငန်းစုဆိုင်ရာ စံနှုန်းများကို သတ်မှတ်နေသော ကားတစ်စီးဖြစ်ပါသည်။

ခက်ထက်လှသော ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်ဖြင့် ထုတ်လုပ်ထားမှုက ၎င်း၏ မပြောင်းလဲနိုင်သော ကြမ်းရှမှု နှင့် အထူးပုံစံရေးဆွဲထားသော ဒီဇိုင်းတို့ကို ထင်ဟပ်မှုရှိစေမှုနှင့်အတူ ဖောက်သည်များဆီသို့ တကယ့်စွမ်း ဆောင်ရည်ရှိပြီး ဘက်စုံသုံးနိုင်သော SUV တစ်စီးကို ဆောင်ကြဉ်းပေးနိုင်ရန် The Everest ကို ကြံ့ခိုင်မှု၊ အဆင့်မြင့်နည်းပညာများနှင့် ပေါင်းစပ်ကာ တပ်ဆင်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

"ယခုနှစ်ပတ်လည်အထူးလျော့ဈေးများက ဖောက်သည်များအတွက် အလွန်သက်သောဈေးနှုန်းဖြင့် Ford ကား အသစ်ကို ဝယ်ယူရန် လွယ်လင့်တကူဖြစ်စေပါလိမ့်မယ်" ဟု Capital Automotive Limited ၏ အထွေထွေ မန်နေဂျာ Mike Pease က ပြောကြားသွားခဲ့သည်။

Author