ဖို့ဒ်က ၂ဝ၂၂ တွင် လျှစ်စစ်ကား ထုတ်လုပ်သည့် ဈေးကွက်တွင် ရင်းနှီးမြုပ်နှံမှု တိုးမြှင့်သွားမည်

0

Full article

လာမည့် ငါးနှစ်အတွင်း လျှစ်စစ်ကားထုတ်လုပ်ရောင်းချသည့် ဈေးကွက်တွင် ကန်ဒေါ်လာ ၁၁ ဘီလီယံ ရင်းနှီးမြုပ်နှံသွားမည်ဖြစ်ကြောင်း ဖို့ဒ်ကဆိုသည်။

လာမည့် ၂ဝ၂၂ တွင် ဖို့ဒ်က hybrid နှင့် လျှစ်စစ်စွမ်းအင်အပြည့်အဝအသုံးပြုသည့် ယာဉ် ၄ဝ ထုတ်လုပ်သွားမည် ဟု ဖို့ဒ်ဥက္ကဋ္ဌ ဘေးလ်ဖို့ဒ်၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံများက ကားဗွန်ထုတ်လုပ်မှုကို ထိန်းချုပ်ရန် ကားထုတ်လုပ်သူများအပေါ် ပိုမိုဖိအား ပေးလာနေပြီဖြစ်သည်။

ဂျင်နရယ်မော်တာ၊ တိုယိုတာနှင့် ဗွိုစ့်ဝယ်ဂွန် တို့သည် လျှစ်စစ်ကားများကို ပိုမိုထုတ်လုပ်ရန် ရည်မှန်းချက်ကြီး သည့် အစီအစဉ်များ ရေးဆွဲထားပြီးဖြစ်သည်။

တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော ဒက်ထရိုက်မော်တော်ယာဉ်အရောင်းပြပွဲတွင် မစ္စတာဖို့ဒ်က ဖို့ဒ်ကားလုပ်ငန်း၏ အဓိက အလေးထားသည့်အရာမှာ မည်သည့်ကားဟူ၍ သတ်သတ်မှတ်မှတ်ဖော်ပြခြင်းမရှိဘဲ တည်ဆဲ ဖို့ဒ်မော် ဒယ်ကားများအားလုံးကို လျှစ်စစ်ကားအဖြစ်အသွင်ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။

ဖို့ဒ်ကားလုပ်ငန်းမှာ ၂ဝ၂၂ အရောက်တွင် လျှစ်စစ်အပြည့်အဝအသုံးပြုသည့်ကား ၁၆ ကားနှင့် hybrids ကား ၂၄ စီးကို ထုတ်လုပ်သွားမည်ဖြစ်သည်ဟု သူကဆိုသည်။

"ကျွန်တော်တို့တွေအားလုံးဒါကိုလုပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကကားတွေ၊ နာမည်ကျော်ကြားတဲ့ကား တွေကို လျှစ်စစ်ကားများအဖြစ် အသွင်းပြောင်းလဲနေပါတယ်။ လျှစ်စစ်ကားထုတ်လုပ်မှုနယ်ပယ်မှာ ကျွန်တော်တို့ အောင်မြင်မှုရရှိလိုရင် ကျွန်တော်တို့ရဲ့ နာမည်ကြီးလူကြိုက်များပြီးသားကားတွေကို အသွင်ပြောင်းလဲရမှာ ပဲဖြစ်ပါတယ်။ " ဟု မစ္စတာဖို့ဒ်က သတင်းထောက်များကို ပြောကြားသွားခဲ့သည်။
HIS Markit တွင် မော်တော်ယာဉ် သုံးသပ်လေ့လာဆန်းစစ်သူ အကြီးတန်းအရာရှိ စတ(လ်)ဖင်(န်) ဘရ(မ်)လေ က ယင်းသည် ကားထုတ်လုပ်သူများက လျှပ်စစ်ကားထုတ်လုပ်မှု ဈေးကွက်တွင်း ရင်းနှီးမြုပ်နှံသည့် လားရာထဲက အစိတ်အပိုင်းတစ်ခုသာဖြစ်ခဲ့သည်။

"အဲ့ထဲက အစိတ်အပိုင်းတစ်ခုကတော့ ပိုမိုထိရောက်တဲ့ စည်းမျဉ်းစည်းကမ်းပဲဖြစ်ပါတယ်။ ဒါပေမယ့် လျှစ်စစ် ကားများဟာ အလိုအလျောက်ကာမောင်းခြင်းကို အထောက်အကူပြုနိုင်တယ်လို့လည်း မျှော်လင့်နိုင်ပါတယ်။ တကယ့်မေးခွန်းကတော့ စားသုံးသူတွေက ဘယ်လို မြန်မြန်ဆန်ဆန် လိုက်ပါဆောင်ရွက်နိုင်မလဲဆိုတာပဲဖြစ် ပါတယ်။ ယခုအခါမှာတော့ ဈေးကွက်ရဲ့ ၁ ရာခိုင်နှုန်းကသာ လျှစ်စစ်ကားတွေက နေရာယူထားတာပါ။ ကျွန်တော်တို့ရဲ့ လမ်းများပေါ်ရှိ အခြေခံအဆောက်အုံကို ပိုမိုကောင်းမွန်စေလိမ့်မယ့် အပြောင်းအလဲဖြစ်သော် လည်း လျှစ်စစ်ကားတွေအများအပြားလည်း ရှိနေရမှာဖြစ်ပါတယ်" ဟု သူက ဆိုသည်။

မနှစ်က အမေရိကန်၏ အကြီးဆုံး ကားထုတ်လုပ်သည့် လုပ်ငန်းဖြစ်သည့် ဂျန်နရယ်မော်တာက ၂ဝ၂၃ တွင် ဘက်ထရီအီလက်ထရစ်နှင့် လောင်စာဆီဆဲလ်အသုံးပြုသည့် မော်တော်ယာဉ် ၂ဝ ထုတ်လုပ်သွားမည်ဟု မနှစ်က ဆိုသည်။

ဗွိုင့်ဝ(ယ်)ဂွန်ကလည်း ၂ဝ၂၂ နှစ်ကုန်မှာ လျှစ်စစ်ကား၊ အလိုအလျောက်မောင်းနှင်မှုနှင့် သယ်ယူပို့ဆောင်မှု ဝန်ဆောင်မှုအသစ်များတွင် ကန်ဒေါ်လာ ၄ဝ ဘီလီယံ ရင်းနှစ်မြုပ်နှစ်သွားမည်ဟု ဆိုသည်။

ဖို့ဒ်၏ ကန်ဒေါ်လာ ၁၁ ဘီလီယံ ရင်းနှီးမြုပ်နှံသွားမည့်အစီအစဉ်သည် ၂ဝ၂ဝ တွင် ကန်ဒေါ်လာ ၄.၅ ဘီလီယံ ရင်းနှီးမြုပ်နှံသွားမည်ဆိုသော ယခင်က ကြေညာချက်ထက် ပိုများနေပြီး ယင်းအစီအစဉ်သစ်မှာ အမှုဆောင်အရာ ရှိချုပ်အသစ် ဂျမ်ဟ(က်)က(တ်) ဦးဆောင်မှုဖြင့် ပေါ်ထွက်လာခြင်းဖြစ်သည်။

ဒ(က်)ထရိုက်မော်တော်ယာဉ်အရောင်းပြပွဲအတွင်း ဖို့ဒ်သည် ၎င်း၏ ပထမဦးဆုံးသော Mach -1 လျှစ်စစ်ကား စွမ်းဆောင်ရည်ကို ပြသခဲ့သည်။ သို့သော် ကားဘယ်လိုအလုပ်လုပ်သလဲဆိုခြင်း နှင့် တပ်ဆင်ထားသော ကား ပစ္စည်းအသေးစိတ်ကိုတော့ ဖော်ပြခြင်းမရှိခဲ့ပါ။

၁၉၆ဝ နှင့် ၇ဝ ခုနှစ်များတွင် ထုတ်လုပ်ခဲ့သည့် Mustang sports မော်တော်ယာဉ်ပုံစံအတိုင်း အတုယူ ပုံဖော်ခဲ့သော SUV ကားမှာ ၂ဝ၂ဝ တွင် ထုတ်လုပ်ဖြန့်ချီသွားမည်ဖြစ်သည်။

SUV တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို မြင့်တင်ပေးသော ၂.၃ လီတာ အင်ဂျင်၊ မြန်နှုန်း ၁ဝ ကြိ်မ်ပြောင်းလဲနိုင်သော အော်တိုဂီယာနှင့် အလိုအလျောက် အရေးပေါ်ဘရိတ်တို့ ပါလိမ့်မည်ဖြစ်သည်။

ထို့အပြင် ပိုမို ဆီစားသက်သာသည့် Ranger pick-up ထရပ်ကားကိုလည်း ၂ဝ၁၉ တွင် ထုတ်လုပ်သွားမည်ဖြစ် သည်။

Source: BBC

Author