ကမ္ဘာ့အဆင့်မီ အကောင်းဆုံးအရည်အသွေးနှင့် အဆင့်အတန်းမြင့် Ford ကားတပ်ဆင်စက်ရုံကို ရန်ကုန်မြို့တွင် ဖွင့်လှစ်

0

Full article

![](/redline/content/images/2017/07/ford-2-300x225.jpg)

မြန်မာနိုင်ငံတွင် Ford ကား တစ်နှစ်လျှင် ကားအစီးရေ ၃ဝဝဝ ခန့်ထုတ်လုပ်မည်ဖြစ်ကြောင်း Ford ကားများတပ်ဆင် ထုတ်လုပ်ပေးမည့် စာနယ်ဇင်းမိတ်ဆက်ပွဲမှသိရပါသည်။ မြန်မာနိုင်ငံရဲ့ဈေးကွက်အခြေအနေအရ တစ်နှစ်ကို ကားအစီးရေ ၂ဝဝဝ ကနေ ၃ဝဝဝ အထိ ထုတ်လုပ်သွားဖို့ မှန်းထားပါတယ်။ တပ်ဆင်ထုတ်လုပ်တဲ့အပိုင်းမှာ လူအားကို အခြေခံကာ တပ်ဆင်ထုတ်လုပ်ထားတာဖြစ်လို့ ဈေးကွက်ကို အခြေခံပြီး လုပ်သားတွေ ရင်းနှီးမြုပ်နှံမှူတွေတိုးလားမှာ ဖြစ်သလို ထုတ်လုပ်တဲ့ စာရိတ်စာခ တွေလည်း လျော့နည်း လာနိုင်ပါတယ်။ဟု Ford ကားများတပ်ဆင်ထုတ်လုပ်မည့် Capital Automotive ကုမ္ပဏီ ဥက္ကဌ ဦးခင်ထွန်းက ပြောပါတယ်။ Ford ကား တပ်ဆင်ထုတ်လုပ်ခြင်းအတွက် ပြည်တွင်း စီးပွားရေးကဏ္ဍမှာ တိုက်ရိုက်ရင်းနှင်း မြုပ်နှံမှူကို ထောက်ပံပေးနိုင်မည့်အပြင် ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကိုလည်း လုပ်ငန်းကျွမ်းကျင်မှူဆိုင်ရာမှာ ကမ္ဘာ့အဆင့်မီအကောင်းဆုံး လက်တွေ့လုပ်ငန်းတွေနဲ့ မြှင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။လို့ ဥက္ကဌ ဦးခင်ထွန်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

အာဆီယံဆိုင်ရာ Ford ၏ ဥက္ကဌ Mr.Mark Kaufam မှ အရေးကြီးဆုံးကတော့ ဝယ်ယူသူတွေအနေနဲ့ CML ရဲ့ ပြည်တွင်းမှာ တပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေဟာ ကမ္ဘာ့အဆင့်မီ အဆင့်အတန်းမြင့်တဲ့ ford ရဲ့ စံချိန်စံနှုန်းတွေ အတိုင်း တပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေ ဖြစ်တယ်ဆိုတဲ့အကြောင်းတွေကို သိရှိစေဖို့ပါ။ဒီ ကမ္ဘာ့အဆင့်မီမှုဟာ ကျွန်တော်တို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ၊ စက်ပစ္စည်း တပ်ဆင်မှူဆိုင်ရာစတာတွေနဲ့ အတူ သေသေချာချာ လေ့ကျင့်ပေးထားတဲ့ ပြည်တွင်းအတတ်ပညာရှင်တွေအပေါ် ford ရဲ့ ရင်းနှီးမြုပ်နှံမှူတွေကြောင့် ရရှိလာခဲ့တာဖြစ်ပါတယ်။



Ford ကားတစ်စီးမှာရှိရမယ့် စံပြအရည်အသွေးတွေကို ကမ္ဘာအနှံက ဘယ်နေရာမှာမဆို နှစ်ခြိုက်စွာအားပေးလာတဲ့ ဝယ်ယူတွေအနေနဲ့ ရရှိနေသလိုပဲ ရန်ကုန်တွင် တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချမည့် မော်တော်ယာဉ်တစ်စီးချင်းရဲ့ တပ်ဆင်မှူမှာလည်း ဒီအတိုင်းပဲ ဖြစ်စေရမှာပါဟု ယင်းကဆက်လက်ပြောကြားခဲ့ပါတယ်။



Ford ကားများကို ရန်ကုန်မြို့ တပ်ဆင်ထုတ်လုပ်ရန် ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်တွင်  စက်ရုံထားရှိသွားမည်ဟုသိရပြီး ရန်ကုန်မြို့တွင်တပ်ဆင်ထုတ်လုပ်သောကားဖြစ်သောကြောင့် ရန်ကုန်လိုင်စင်ရရှိမည်ဟုလည်းသိရပါသည်။

ခေတ်သစ်

Author