မြန်မာနိုင်ငံ တစ်နှစ်တာအကောင်းဆုံးကားဆုများ ပေးအပ်ပွဲ၌ Ford မှ ဆုနှစ်ဆုရရှိ

0

Full article

Photo By Ford Myanmar

ရန်ကုန်မြို့၊ Novotel Yangon Max ၌ စက်တင်ဘာ ၉ တွင် Drive မဂ္ဂဇင်းက ဦးစီး၍ မြန်မာနိုင်ငံ တစ်နှစ်တာ အကောင်းဆုံးကားဆုများ ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ _ Ford Rangerက 'အကောင်းဆုံး Pick-up Truck' ဆု' ကိုလည်းကောင်း၊ _ Ford Everest က 'အကောင်းဆုံး SUV ဆု' ကိုလည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကားနှစ်စီးစလုံးမှာ ရန်ကုန်မြို့တွင် တပ်ဆင်ခြင်းဖြစ်ပြီး ၎င်းတို့၏ ပြိုင်ဘက်ကားအသီးသီးတို့နှင့် နှိုင်းယှဉ်လျှင် အတွင်း၊အပြင်ဒီဇိုင်း၊ လုပ်ဆောင်မှု၊ သက်တောင့်သက်သာရှိမှုနှင့် ဈေးနှုန်းသင့်တော်မှု အစရှိ သော MCOTY ဆုပေးပွဲ၏ စံသတ်မှတ်ချက်များနှင့် ညီသောကြောင့် အကောင်းဆုံးဆုများ ရရှိခဲ့ခြင်းဖြစ် သည်။

Photo By Ford Myanmar

Capital Motors လီမိတက်မှ Ford အထွေထွေမန်နေဂျာ Mike Pease က "ပြည်တွင်းမှာ တပ်ဆင်တဲ့ the Ranger နဲ့ Everest တို့ဟာ ၎င်းတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အကောင်းဆုံးကားတွေအဖြစ် အသိအ မှတ် ပြုခံရတာကို ကျွန်တော်တို့တွေ ဂုဏ်ယူမိပါတယ်။ နောက်ပြီး ဂုဏ်သိက္ခာရှိတဲ့ ဒိုင်များကနေ အသိ အမှတ် ပြုခြင်းခံရတာကိုလည်း ဂုဏ်ယူပါတယ်" ဟုပြောကြားခဲ့သည်။

ယခုနှစ်သည် မြန်မာနိုင်ငံ ကားလုပ်ငန်းစုထံသို့ နိုင်ငံတကာစံနှုန်းများ ယူဆောင်လာရန်နှင့် မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြု ကားအသစ် ပြခန်းများကို မြှင့်တင်ရန် ရည်ရွယ်လုပ်ဆောင်သည့် မြန်မာနိုင်ငံ တစ်နှစ်တာ အကောင်းဆုံးကားဆုများ ပေးအပ်ပွဲအတွက် ကနေဦးနှစ်လည်းဖြစ်ပါသည်။

ဆုပေးအပ်ပွဲအတွက် ဒိုင်များအဖြစ် ဆောင်ရွက်ပေးသူများသည် မြန်မာနိုင်ငံ တရားဝင်အသိအမှတ်ပြု ကား ရောင်းဝယ်ဖြန့်ဖြူးရေးအဖွဲ့အစည်းကနေ ထောက်ခံမှုရရှိထားသော မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် ဟန်ဂေရီ နိုင်ငံတို့မှ ကားသတင်းထောက်များ ဖြစ်ကြသည်။

ဆုအတွက် အရည်အသွေးသတ်မှတ်ချက်များမှာ ယာဉ်များသည် မြန်မာနိုင်ငံတွင် ရရှိသော ဘယ်မောင်း ကားသစ်များဖြစ်ရမည်။ ဒီနှစ်အတွက် ဆုအမျိုးအစား ၁ဝ ဆု သတ်မှတ်ထားရာ ယင်းတို့အနက် ၉ ဆုကို ဒိုင်များက ရွေးချယ်ခြင်းဖြစ်သည်။ ကျန်သည့် ဆုမှာတော့ ပြည်သူများက အွန်လိုင်းမှတဆင့် မဲပေးရွေး ချယ်သည့် People's Choice Award ဖြစ်သည်။

Author