ရေစုကန်များ လိုနေ၍ ရေလျှံမှူဖြစ်ပေါ် ကြောင်းရန်ကုန်မြို့တော်ဝန် ဆို

0

Full article

![](/redline/content/images/2017/06/၁၁၁၁၁-300x222.jpg)

ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုများပြားလာပါက ရေကြီးရေလျှံမှုများကို ကာကွယ်ရန် ရေစုကန်များ ပြန်လည်ပြုလုပ်တည်ဆောက်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးက ပြောဆိုထားပါတယ်။ ရန်ကုန် မိုးရွာတာက နှစ်နာရီအတွင်းမှာ လေးလက်မအထိ တစ်ပြိုင်တည်းတက်လာတဲ့ အတွက် အခုလိုဖြစ်သွားတာပါ။ အရင်ကဆိုရင် ရန်ကုန်မြို့တွင်းမှာ ရေစုကန်တွေရှိခဲ့တယ်။ အခုချိန်မှာတော့ လူနေအိမ်ဆောက်လုပ်လာ တာကြောင့် ရေစုကန်တွေ ပျောက်ဆုံးခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာတာဖြစ်တယ် ဟု ရန်ကုန်မြို့တော်ဝန် က ပြောထားသည်။ ရန်ကုန်မြို့ရှိ ရေမြောင်းများသည် ယခင်က လူဦးရေ ၄ဝ,ဝဝဝ စာအတွက်သာ ဖောက်လုပ် ထားခြင်းဖြစ်ပြီး လက်ရှိအချိန် လူဦးရေ ခြောက် သန်းအထိ ရှိလာချိန်တွင်မူ ရေနုတ်မြောင်း ပိတ်ဆို့မှုနှင့် အမှိုက်ပြဿနာများကို ကြုံတွေ့ လာရခြင်းဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင် မောင်စိုးက ပြောဆိုခဲ့ပါတယ်။ ရန်ကုန်မြို့တွင်း ရေစီးရေလာကောင်းမွန် စေရန်အတွက် ယခုနှစ်အတွင်း ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၄ သန်း ရယူ ထားပြီး ရေစီးရေလာကောင်းမွန်ရေးနှင့် အမှိုက်များကြောင့် ရေမြောင်းပိတ်ဆို့မှုများ မရှိနိုင်ရန် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Author