လျှပ်စစ်စွမ်းအင်သုံး ကားတစ်စီးအတွက် မသိမဖြစ်အချက် ၅ ချက်

0

Full article

လျှပ်စစ်ကားတွေရဲ့ အချိန်ဟာ ထွန်းလင်းလို့လာပါပြီ။ GoodCarBadCar.net ရဲ့ အဆိုအရဆိုရင်တော့ Tesla Model S ဟာ ၂ဝ၁၇ ခုနှစ်အတွင်း အမေရိကရဲ့ ရောင်းအကောင်းဆုံး ဇိမ်ခံကားအမျိုးအစားဖြစ်ခဲ့ပြီး gas ကားတွေဖြစ်ကြတဲ့ Mercedes-Benz S-Class နဲ့ BMW 7 Series တွေရဲ့ ရောင်းအားကိုလည်း လျော့တွက်လို့တော့ မရဘူး။ နည်းနည်းပိုပြီးဈေးသက်သာတာမျိုးဆိုရင်တော့ Nissan Leaf နဲ့ Chevrolet Bolt တွေ ရေပန်းစားနေတာကို သတိပြုရမှာပါ။ လျှပ်စစ်ကားတွေဆိုတာကတော့ ပေါက်ကွဲအားနဲ့ ရုန်းတဲ့ အင်ဂျင်တွေနဲ့ နည်းနည်းတော့ ကွဲပြားတယ်။ လျှပ်စစ်ကားတွေကို ပြုပြင်ထိန်းသိမ်းဖို့ဆိုတဲ့နေရာမှာ တစ်ချို့သော နည်းပညာအသစ်တွေကို တီးမိခေါက်မိဖို့ လိုအပ်မှာပါ။ အလိုအပ်ဆုံး ဖြစ်နေမှာကတော့.....

၁။ မော်တာကို ဂရုပြုပါ။

သတင်းကောင်းကတော့ လျှပ်စစ်ကားတွေရဲ့ မော်တာဟာ ပေါက်ကွဲအား အင်ဂျင်တွေလောက် ပြုပြင်ထိန်းသိမ်းဖို့ မလိုဘူးဗျ။ ပါဝင်တဲ့အစိတ်အပိုင်းတွေကလည်း combustion engines ထက်နည်းတယ်။ နောက်ထပ် စိုးရိမ်စရာမလိုတဲ့အချက်တွေကတော့ ဆီဖြည့်တဲ့အချိန်တွေ၊ spark plugs လဲလှယ်တပ်ဆင်တာတွေနဲ့ ဆီစစ်ပြောင်းလဲဖို့တွေ စတဲ့အချက်တွေပါ။ ဒါပေမယ့်လည်း လျှပ်စစ်ကား မော်တာတွေမှာ ပုံမှန် ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တာတွေရှိနေသေးတယ်။ ပြုပြင်ထိန်းသိမ်းဖို့အတွက် ပုံမှန် ပေါက်ကွဲအင်ဂျင်တွေကို ဝန်ဆောင်မှုပေးနေတဲ့ နေရာတွေမှာ ကိုယ့်ရဲ့ လျှပ်စစ်ကားနဲ့ အစဉ်ပြေနိုင်မလားဆိုတာ ကြိုတင်ရှာဖွေထားသင့်တာပါ။ လျှပ်စစ်ကားအတွက် အရည်အသွေးပြည့် စက်ဆရာကို ရှာဖွေထားနိုင်ခြင်းဟာ အဓိကသော့ချက်ပဲ။ ရှားလည်း ရှားနေသေးတာကိုး။

၂။ ဘက်ထရီကို ဂရုစိုက်ပါ။

လျှပ်စစ်ကားရဲ့ ပါဝါကတော့ သိကြတဲ့အတိုင်း ဘက်ထရီပါပဲ။ အဲဒီ ဘက်ထရီကို သက်တမ်းပိုကြာရှည်ခံအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးတွေရှိတယ်။ ပထမနည်းလမ်းတစ်ခုကတော့ ဘက်ထရီသက်တမ်း ကြာရှည်ဖို့ဆိုရင် အားအပြည့်သွင်းတာကို ရှောင်ကြည်ရမယ်။ Nissan က သူတို့ရဲ့ Leaf တွေဝယ်ယူထားတဲ့ ပိုင်ရှင်တွေကို ဘက်ထရီရဲ့ အားကို ၈ဝ% ထက်ပိုမသွင်းခြင်းအားဖြင့် ကြာရှည်အသုံးခံမယ့် ဘက်ထရီတွေ ရရှိနိုင်မယ်ဆိုပြီး တိုက်တွန်းထားတယ်။

နောက်တစ်ချက်ကတော့ ဘက်ထရီ တပ်ဆင်ပြီးတဲ့အချိန်ကစပြီး ဘက်ထရီရဲ့အား ဝ% ဒါမှမဟုတ် အရမ်းနည်းနေတဲ့အချိန်မှာ ဒီအတိုင်း ပစ်မထားဖို့ပါ။ Nissan ကတော့ ဘက်ထရီအားနေချိန်မှာ ၁၄ ရက်ထက်ပိုပြီး လုံးဝ ပစ်မထားသင့်ပါဘူး လို့ဆိုထားတယ်။

ပတ်ဝန်းကျင်ရဲ့ အပူချိန်ကလည်း ဘက်ထရီအပေါ်ကို သက်ရောက်မှုရှိတယ်။ ဒါကိုသိထားတဲ့ လျှပ်စစ်ကား ပိုင်ရှင်တစ်ယောက်အနေနဲ့ ကားကိုရပ်တဲ့အခါ ဒါမှမဟုတ် သိမ်းထားတဲ့အခါ အေးတဲ့နေရာကို ရှာဖွေနိုင်တာပေါ့။ နေရောင်တိုက်ရိုက်ကျနေတဲ့ နေရာတွေမှာလည်း ကားကို ရပ်မထားမိတော့ဘူးပေါ့။ နောက်တစ်ခုကတော့ မီးစက်၊ Air-con လိုမျိုး အပူထွက်တဲ့နေရာဝန်းကျင်တွေမှာ ရပ်မထားမိဖို့ကိုလည်းသတိပြုနိုင်တာပေါ့။

၃။ ဘရိတ်များကို အရေးစိုက်ပါ။

လျှပ်စစ်ကားတွေမှာ အသုံးပြုတဲ့ ဘရိတ်စနစ်ဟာ ပေါက်ကွဲအင်ဂျင်တွေမှာ တပ်ဆင်တဲ့ ဘရိတ်တွေနဲ့ ကွဲပြားမှုရှိတယ်။ အသစ်တဖန်ပြန်လည်တည်ဆောက်ထားတဲ့ ဘရိတ်တွေပေါ့။ အဲဒီဘရိတ်တွေဟာ နင်းလိုက်တဲ့အချိန်မှာ ကားရဲ့ kinetic energy ကို ဖမ်းယူလိုက်ပြီး လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲကာ အဲဒီလျှပ်စစ်စွမ်းအင်ကို ကားရဲ့ ပါဝါအဖြစ် အသုံးပြုနိုင်တာမျိုးပါ။

အသစ်တဖန်ပြန်လည်တည်ဆောက်ထားတဲ့ ဘရိတ်တွေဟာ အစဉ်အလာ ပွတ်တိုက် ဘရိတ်တွေထက် ပိုပြီးညင်သာတယ်။ ဒါပေမယ့် ပြုပြင်ထိန်းသိမ်းဖို့ကတော့ သာမန်ဘရိတ်တွေလိုပဲ လိုအပ်ဆဲပါ။ ကိုက်ညီမှုရှိတဲ့ service တွေကို ကြိုတင်ရှာဖွေထားသင့်တယ်။

၄။ တာယာတွေကို မမေ့ပါနှင့်။

လျှပ်စစ်ကားတွေက torqueကိုချက်ခြင်းထုတ်ပေးနိုင်တာမျိုး။ ဒီလိုထုတ်ပေးတာနိုင်တာဟာ အချိန်ကြာလာတာနဲ့အမျှ တာယာတွေကို အထိနာစေတယ်။ နောက်တစ်ချက်ကတော့ လျှပ်စစ်ကားတွေဟာ အင်ဂျင်သံ သိပ်မထွက်တဲ့အတွက် လမ်းနဲ့ တာယာ ပွတ်တိုက်တဲ့အသံကို ပိုပြီးကြားနိုင်တာမျိုးဖြစ်နေတာပဲ။

ဒါကြောင့်မလို့ လျှပ်စစ်ကား ပိုင်ရှင်တွေဟာ ကိုယ့်ကားတာယာတွေကို အလေးညီမှုရှိ/မရှိ၊ ဘက်လိုက်မှုရှိ/မရှိ inspect လုပ် လုပ်ထားဖို့ အရေးကြီးပါတယ်။ ကားတာယာတွေ လဲလှယ်မယ်ဆိုရင်လည်း လျှပ်စစ်ကားအတွက် ထုတ်လုပ်ထားတဲ့ တာယာမျိုးကို ရွေးခြယ်ဝယ်ယူသင့်တာပါ။ အဲဒီတာယာတွေက ပိုပြီးခံနိုင်ရည်ရှိတဲ့အပြင် လမ်းနဲ့ပွတ်တိုက်မှုအသံကိုလည်း လျော့ချပေးနိုင်တယ်လေ။

၅။ အရည်တွေကို စစ်ဆေးပါ။

Combustion အင်ဂျင်တပ်ဆင်တဲ့ကားတွေလောက်တော့ လျှပ်စစ်ကားတွေမှာ စစ်ဆေးစရာ အရည် သိပ်မပါဘူး။ ဒါပေမယ့် စစ်ဆေးဖို့တော့ လိုအပ်ဆဲပါ။ Gas သီးသန့်ကားလိုပဲ၊ လျှပ်စစ်ကားတွေမှာ အပူစီမံခန့်ခွဲမှုစနစ် (thermal management system) ပါဝင်တယ်။ ဒါကြောင့်မလို့ coolant ပမာဏကို အချိန်ဇယားနဲ့ စစ်ဆေးသင့်တာပေါ့။ နောက်ထပ် ပုံမှန် စစ်ဆေးသင့်တဲ့ အရည်တွေကတော့ ဘရိတ်ဆီနဲ့ လေကာမှန်ကို ရှင်းလင်းစေတဲ့ အရည်တွေပါ။

စိမ်းလန်း သန့်ရှင်းစေဖို့။

တစ်ချို့လူတွေကတော့ ထင်ကြတယ်။ လျှပ်စစ်ကားတွေဟာ ပြုပြင်ထိန်းသိမ်းဖို့ ခက်ခဲတယ်တဲ့။ ဒါပေမယ့် ဆန့်ကျင်ဘက်ကမှ မှန်တာရယ်။ လျှပ်စစ်ကားတွေရဲ့ အနာဂတ်ဟာ ရိုးရိုးလေးနဲ့ ပိုပိုပြီးကောင်းလာနေပါပြီ။ သင့်တင့်လျောက်ပတ်တဲ့ ဂရုစိုက်မှုနဲ့ဆိုရင် လျှပ်စစ်ကားတစ်စီးဟာ နှစ်ပေါင်းများစွာ ဒုက္ခမပေးတဲ့ စွမ်းဆောင်ရည်ကို ရနိုင်ပါပြီ။

Ref: https://www.google.com/amp/s/www.carfax.com/blog/electric-car-maintenance-tips/amp/

Unicode Version

Author