Full article

![800px-Renault_Clio_S1600-500x375](/redline/content/images/2012/02/800px-Renault_Clio_S1600-500x375.jpg)

(Photo Credit: Flickr)

မြန်မာနိုင်ငံနှင့် အန္ဒိယနိုင်ငံတို့သည် ပထမဆုံး Myanmar-India Car Rally ပြိုင်ပွဲကို လာမည့် မတ်လထဲတွင် ပြုလုပ်သွားမည်ဟုသိရသည်။ မြန်မာနှင့် အန္ဒိယနှစ်နိုင်ငံအကြား ရင်နှီးမှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများတွင် တိုးတက်စေရန်ရည်ရွယ်၍ အဆိုပါအစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါ Car Rally ပြိုင်ပွဲကို North East Federation on International Trade (NEFIT) မှဦးဆောင်ပြုလုပ်မည်ဖြစ်ပြီး Trade and Tourism Conference နှင့်တွဲဖက်ကျင်းပသွားမည်ဖြစ်သည်။ မတ်လ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၇ ရက်ကြာပြုလုပ်မည့် Rally ပြိုင်ပွဲသည် Guwahati မှ Yangon အသွားအပြန်ခရီးဖြစ်ပြီး ကီလိုမီတာပေါင်း ၅ဝဝဝ ကျော်မောင်းနှင်ရမည်ဖြစ်သည်။ ကားအစီးရေပေါင်း ၅၅ စီးနှင့် လူ ၂ဝဝ ကျော်ခန့်ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။

Author