Full article

ကနဦးမှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ထောက်ကြန့်သို့ပြောင်းရွှေ့ရန် သေချာသွားပြီဖြစ်ကြောင်း 'ကုန်းလမ်း ပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန' မှ သိရသည်။ 2_2

ကုန်းလမ်းပို့ဆောင်ရေးညွန် ကြားမှုဦးစီးဌာနမှ ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားစေရေးအတွက် ကနဦး မှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံခြင်းများကို မြင်သာကညနရုံးမှ အခြားနေရာများတွင် ပြောင်းရွှေ့ပြုလုပ်ပေးရန် စီစဉ်လျက်ရှိသည်။ ကနဦးမှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ထောက်ကြန့် သို့ ပြောင်းရွှေ့မည့် အစီအစဉ်နှင့်ပတ်သက်၍ ကနဦးမှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက "ကနဦးမှတ်ပုံတင်ဌာနကို ပြောင်းရွှေ့တာက ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ နည်းသွားဖို့အတွက် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်၊ အခု အချိန်မှာ ကနဦးဌာနကို ပြောင်းရွှေ့ဖို့အတွက် ထောက်ကြန့်မှာ မြေတိုင်းပြီး အဆောက်အအုံတည် ဆောက်ဖို့ စီ စဉ်နေပါတယ်" ဟု ဆိုခဲ့သည်။ ကနဦးမှတ်ပုံတင်ဌာနပြောင်းရွှေ့မည့်နေရာသည် ထောက်ကြန့်ဈေးနှင့် မှော်ဘီတိုးဂိတ်ကြားတွင် ရှိကြောင်း အကြမ်းဖျင်းသိရသည်။

Ref : Automobile

Author