Full article

ကုန်းလမ်းပို့ဆောင်မှု ညွှန်ကြားမှုဦး စီးဌာနအနေဖြင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်စာရင်းများ ဆောင်ရွက်မည်ဖြစ်သည့် အတွက် ငွေသွင်းဘဏ်ချလန်ရေး သားထုတ်ပေးခြင်းကို လေးရက် ခေတ္တရပ်နားမည်ဖြစ်ကြောင်း သိရသည်။

KA

ကညန အနေဖြင့် ငွေပေးသွင်းရန်အတွက် ဘဏ်ငွေသွင်း ချလန်ရေးသား ထုတ်ပေးခြင်းကို မတ် ၂၄ ရက်အထိသာ လက်ခံဆောင်ရွက် ပေးမည်ဖြစ်ပြီး ငွေပေးသွင်းပြီး သည့် ဘဏ်ငွေသွင်းချလန်များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ မတ် ၂၆ ရက်နေ့ မတိုင်မီ အမြန်ဆုံးပြန်လည်ပေးပို့ ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ငွေပေးအမိန့်လွှာ (Payment Order)အား မတ် ၂၆ ရက် အထိသာ လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြင်သာ ကညနရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ကနဦးမော်တော်ယာဉ်မှတ်ပုံ တင်ခ ငွေသွင်းခြင်းကို ခေတ္တရပ်ဆိုင်း ထားခြင်းနှင့် ပတ်သက်၍ ကညနရုံး တာဝန်ရှိသူတစ်ဦးက "ကညန အနေနဲ့ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်စာရင်းတွေကို ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက် ငွေသွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို မတ် ၂၆ ရက်နေ့ အထိပဲ လက်ခံဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်၊ မတ် ၂၈ ရက်က နေ ၃၁ ရက်အထိကိုတော့ ငွေလက်ခံတာကို ရပ်ဆိုင်းထားမှာပါ၊ အခုလို ရပ်ဆိုင်းထားတဲ့ ရက်တွေအတွက် ငွေသွင်းရက်လွန် ခွင့်ပြုရက် ၁၄ ရက်ကို တွက်ချက်ရာမှာ ထည့်သွင်းရေတွက်ခြင်း မပြုပါဘူး" ဟုပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနအနေဖြင့် နှစ်စဉ် ဘဏ္ဍာနှစ် ချုပ် စာရင်းများကို ဆောင်ရွက်လေ့ရှိပြီး အဆိုပါရက် များတွင် ငွေသွင်းခြင်းဆိုင်ရာ လုပ်ငန်းများကို ရပ်နားထားလေ့ရှိကာ ယာဉ်ပိုင်ရှင်များအနေဖြင့် ငွေသွင်းခြင်းဆိုင်ရာ လုပ်ငန်းများရပ်နား ထားစဉ်ကာလအတွင်း အခက်အခဲ မဖြစ်စေရန် မတ်လ ၂၄ ရက်နေ့ မတိုင်မီ ငွေသွင်းခြင်းကိစ္စများ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း မြင်သာ ကညနရုံးမှ သိရသည်။

Ref: Automobile

Author