အဋ္ဌမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲ Borgward မှ Main Sponsor အဖြစ်ပါဝင်ခဲ့ကာ Borgward Brand New ကားများကိုအထူးအစီအစဉ်များဖြင့်ရောင်းချသွားခဲ့

0

Full article

အဋ္ဌမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲ (8th International Industrial Technology & Machinery Show 2020 Yangon) တွင် Borgward မှ Main Sponsor အဖြစ်ပါဝင်ခဲ့ပြီး  Go Excellent Myanmar မှ Brand New Borgward များဖြစ်သော BX5 ၊ BX7 ၊ BX7 TS နှင့် BX7 (100 years Special Edition) တို့ကို အထူးအစီအစဉ်များဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၊ တပ်မတော်ခန်းမတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သော အဋ္ဌမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲ (8th International Industrial Technology & Machinery Show 2020 Yangon) တွင် Borgward ကားသစ်များဖြစ်သော BX5 ၊ BX7 ၊ BX7 TS နှင့် BX7 (100 years Special Edition)  တို့ကို အနည်းဆုံး 10% Down Payment ၊ ၁ နှစ်မှ ၅ နှစ်အထိ အရစ်ကျစနစ်များဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ BX5 ကို (ဝင်ငွေခွန်မပါ)  ၅၂၈ သိန်း၊ BX7 ကို (ဝင်ငွေခွန်မပါ) ၆၆၈ သိန်း၊ BX7 TS ကို (ဝင်ငွေခွန်မပါ) ၈၄၅ သိန်းတို့ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ ထို့အပြင် 3 years/100,000 Km warranty တို့ဖြင့်လည်းရောင်းချသွားမည်ဖြစ်သည်။


Go Excellent Myanmar ၏ Borgward ကားသစ်များကို စိတ်ပါဝင်စားသူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ရန်ကုန်မြို့၊ တပ်မတော်ခန်းမတွင် ကျင်းပသွားမည့် Borgward မှ Main Sponsor အဖြစ်ပါဝင်ထားသည့် အဋ္ဌမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲ (8th International Industrial Technology & Machinery Show 2020 Yangon) တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း စိတ်တိုင်းကျသွားရောက်လေ့လာ ဝယ်ယူနိုင်ပါသည်။

Author