Full article

ခရီးသည်တင် ဘတ်စ်ကား များတွင် ယာဉ်မောင်း အကူအဖြစ် လိုက်ပါသော ယာဉ်နောက်လိုက် စပယ်ယာများကို စပယ်ယာ လိုင်စင်ပြုလုပ်ရန် ညွှန်ကြားထားရာတွင် အမျိုးသားအပြင် အမျိုးသမီးများပါ စပယ်ယာ လိုင်စင်ပြုလုပ် ထားသည်မှာ အယောက် (၄ဝ) ဦးခန့် ရှိနေပြီး ဖြစ်ကြောင်း ကုန်လမ်း ပို့ဆောင်ရေး နှင့်ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) စပယ်ယာ လိုင်စင် စိစစ်ရေးဌာနမှ သိရှိရပါသည်။Female-Bus

အမျိုးသမီး စပယ်ယာ လိုင်စင် လာရောက် ပြုလုပ်သူများ အနေဖြင့်ယာဉ်စီးကမ်း၊ လမ်းစီးကမ်းများကို နှုတ်ဖြေအပြင် ရေးဖြေ ဖြေရကြောင်း၊ ယင်းတို့အောင်မှသာ အမျိုးသမီး စပယ်ယာ လိုင်စင်ထုတ်ပေး ကြောင်းသိရှိရသည်။ အမျိုးသမီး စပယ်ယာလိုင်စင် ပြုလုပ်ထားသူများတွင် နာမည်ကြီး အဝေးပြေး ယာဉ်လိုင်းများ ဖြစ်သည့် E-Lite နှင့် JJ အဝေးပြေးယာဉ်လိုင်း တို့မှအများဆုံး ပြုလုပ်ထားကြောင်း စာရင်းများအရ သိရှိရသည်။ အမျိုးသမီး စပယ်ယာ လိုင်စင်ကို E-Lite မှ (၁၆) ယောက်၊ JJ မှ (၁၁) ယောက်နှင့် ကိုယ်တိုင်လာရောက် လျှေက်ထားသူနှင့် မ.ထ.သ (ဗဟို) မှ လျှေက်ထားသူ (၁၂) ယောက်၊ စုစုပေါင်း (၃၉) ယောက် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

အဝေးပြေး ယာဉ်များတွင် လိုက်ပါသော Bus မယ်များသည် ကြော်ငြာရုံ၊ နေရာချထားရုံဖြင့် အမျိုးသီးစပယ်ယာ လိုင်စင် လျှေက်ထားရန် မလိုဘဲ မ.ထ.သ (အဝေးပြေး) ထံတွင် ယာဉ်ပေါ် လိုက်ပါခွင့် ရယူရုံဖြင့် လိုက်ပါနိုင်ကြောင်း သိရှိရသည်။ အမျိုးသမီး ပယ်ယာလိုင်စင် လျှောက်ထားသူများ အနေဖြင့် မှတ်ပုံတင် မိတ္တူ၊ ဓာတ်ပုံ (၃) ပုံလိုအပ်ပြီး တစ်ကြိမ်ဖြေဆိုပါက (၁ဝဝ) ကျပ် ပေးသွင်းရကြောင်းသိရသည်။ ဖြေဆိုမှု အောင်မြင်သူများကို အမျိုးသမီး စပယ်ယာ လိုင်စင် ထုတ်ပေးပြီး လိုင်စင် သက်တမ်း မှာ (၅) နှစ် ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

Author