ကျောင်းကားစနစ်သစ်အတွက် ဃယာဉ်မောင်းလိုင်စင်ရှိသူများနှင့် အမျိုးသမီးယာဉ်ကြီးကြပ်သူများ ဦးစားပေးခန့်မည်

0

Full article

ယခုနှစ် ၂ဝ၁၈-၂ဝ၁၉ စာသင်နှစ် ဇွန် ၁ ရက်မှစ၍ အခြေခံပညာကျောင်းများတွင် ကျောင်းကားစတင်ပြေးဆွဲသွား မည်ဖြစ်ရာ ကျောင်းကားမောင်းနှင်သူများကို ဃ ယာဉ်မောင်းလိုင်စင်ရှိသူများနှင့် အမျိုးသမီးယာဉ်ကြီးကြပ်သူများ ဦးစားပေးခန့်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့(YRTA)မှသိရသည်။ အဆိုပါ ကျောင်းကားစနစ်သစ်အတွက် ယာဉ်မောင်းများနှင့် ယာဉ်ကြီးကြပ်သူ အမျိုးသမီးများခေါ်ယူနေရာ ပညာ အရည်အချင်း အနည်းဆုံး ၇ တန်းအောင်မြင်သူဖြစ်ရမည်ဖြစ်ပြီး ယာဉ်မောင်းများမှာ အသက် ၃၅ နှစ်မှ ၅ဝ နှစ်အထိ လည်းကောင်း၊ ယာဉ်ကြီးကြပ်သူများမှာ အသက် ၂ဝ နှစ်မှ ၃၅ နှစ်အထိ လည်းကောင်း ရှိရမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယာဉ်မောင်းသူမှာ အနိမ့်ဆုံး ဃ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ပြီး အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံချက်၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မိတ္တူများနှင့်အတူ မေလ ၂ဝ ရက်နေ့နောက်ဆုံးထား၍ YRTA ရုံးချူပ် တာမွေမြို့နယ်လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။ "ကျောင်းကားမောင်းဖို့ ဃ ယာဉ်မောင်းလိုင်စင်ရှိရင် လာလျှောက်လို့ရပါတယ်။ အဓိကကားကို အန္တရာယ် ကင်းကင်းမောင်းနှင်မယ့်သူတွေကို အဓိက ဦးစားပေးခန့်အပ်မှာ။ ယာဉ်ပေါ်မှာစီးနင်းကြမယ့် ကျောင်းသားကျောင်းသူတွေ အတွက် လုံခြုံစိတ်ချစွာစီးနင်းနိုင်ဖို့အတွက် ကားတစ်စီးကိုယာဉ်ကြီးကြပ်တစ်ယောက်နှုန်း ပါဝင်ဖို့ စီစဉ်ထားပါတယ်" ဟု ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာ ကျောင်းများဖြစ်သောဒဂုံ ၁ ကျောင်း၊ ကမာရွတ် အထက ၂ ကျောင်းနှင့် TTC ကျောင်းတို့တွင် school bus ကျောင်းကားစနစ်စတင် ပြေးဆွဲရန်ရှိပြီး ခရီးသည် ၁ဝ ဦးနှင့်အထက် တင်ဆောင်နိုင်သော micro bus, mini bus, bus အမျိူးအစား ကားများကိုသာ school bus ယာဉ်အဖြစ် သတ်မှတ်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။ Regulation

Author