Mercedes-Benz မှ ပံ့ပိုးကူညီပေးထားသော Fancy House Hair Beauty Nail Academy သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနား

0

Full article

Mercedes-Benz  မှ ပံ့ပိုးကူညီပေးထားသော Fancy House Hair Beauty Nail Academy ၏ ၂၀၁၈ -၂၀၁၉ ခုနှစ်အတွက် သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနားနှင့် Hair & Make up show ကို ရန်ကုန်မြို့ Novotel Yangon Max Hotel ၊ Grand Ballroom ၌ ၂၀၁၉ အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် Fancy House Hair Beauty Nail Academy ၏ ကျောင်းအုပ်ကြီး ဒေါ်ကျင်ပို့ ခေါ်  Ms. Agnes Lim မှ ၂၀၁၈ -၂၀၁၉ ခုနှစ်အတွက် ထူးချွန်ကျောင်းသားများအား The Best Student Award ၊ Top Hair Student Award နှင့် Top Make up Student Award ဆုများကို ချီးမြှင့်ခဲ့သည့်အပြင် အခမ်းအနားသို့ တက်ရောက်လာသူများအား ကျပ်သိန်း ၆၀ ကျော်တန်ဖိုးရှိ Fancy House Academy ၏ အဆင့်မြင့်သင်တန်းများတက်ရောက်ခွင့်ကံစမ်းမဲများကိုလည်း မဲနှိုက်ပေးခဲ့သည်။ အဆိုပါအခမ်းအနားအား Mercedes-Benz မှ ပံ့ပိုးကူညီခဲ့ကြောင်းသိရသည်။

Fancy House သင်တန်းကျောင်းအား ၂၀၀၄ ခုနှစ်တွင် သင်တန်းသားဦးရေ ၁၀ ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ ချီကာဂိုမှ ကမ္ဘာ့အဆင့်မီ အသိအမှတ်ပြုသင်တန်းကျောင်း အဖြစ်အသိအမှတ်ပြုခဲ့ပြီး နှစ်စဉ် သင်တန်းသားဦးရေ ၇၀ မှ ၁၀၀ ကြား သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Author