ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်သူများဖမ်းဆီးရမိပြီး လိုင်စင်အတုပြုလုပ်သူများအား စီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးသွှားမည်

0

Full article

![](/redline/content/images/2017/06/download-232x300.jpg)

Photo Credit to Shwe Myin Thar

မော်တော်ယာဉ် မောင်းနှင်ရာတွင် ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်အသုံးပြုနေသူများကို ဇူလိုင်လ ပထမအပတ်မှ စ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စီမံချက်နဲ့ ဖမ်းဆီးအရေးယူသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ယာဉ်မောင်းလိုင်စင်ရေးဖြေ ဖြေဆိုရာတွင် ဖြေဆိုအောင်မြင်သူ နည်းပါးလာခြင်းကြောင့် ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်ပြီး မောင်းနှင်တဲ့သူများလာတဲ့အတွက် တရားဝင်ထုတ်ပေးထားသော ယာဉ်မောင်းလိုင်ဟုတ်မဟုတ်ကာလရှည်စီမံချက်အနေနဲ့ လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အချိူ့ယာဉ်မောင်းလိုင်စင် များသည် အတုပြုလုပ်ထားမှူများ တွေ့ရှိနေရပြီး စစ်ဆေးရမလွယ်ကူသည့် နည်းပညာအသုံးပြုထားရာ တရားဝင်ထုတ်ပေးထားသော ယာဉ်မောင်းလိုင်စင်ဟုတ်မဟုတ်ကို စစ်ဆေးရှာဖွေ၍ အတုပြုလုပ်သူများကိုပါ ဖော်ထုတ်ဖမ်းဆီးသွားမှာ ဖြစ်တယ်လို့ သိရသည်။ လိုင်စင်အတု ရောင်းချသူတွေကို စုံစမ်းသိရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်အရေးယူသွားမှာဖြစ်တယ်လို့ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက သိရပါတယ်။

ခေတ်သစ်

Author