မျှတသည့်အခွန်နှုန်းထားဖြစ်စေရန် ယခုလကုန်ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို

0

Full article

အခွန်ထမ်းဆောင်သည့်နေရာ၌ သင့်တင့်မျှတသည့် အခွန်နှုန်းထားတစ်ရပ်ကိုပြင်ဆင်၍ ယခုလအကုန်တွင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်လုပ်ငန်း ရှင်များ ပုံမှန်တွေ့ဆုံသည့် အစည်းအဝေးပွဲတွင် ပြောကြားသွားခဲ့သည်။

"လာမယ့် ဧပြီလမှာ တင်သွင်းမယ့် အခွန်ဆိုင်ရာ ဥပဒေတွေမှာ များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒါမှလည်း လုပ်ငန်းရှင်တွေအတွက် စီးပွားရေးဆောင်ရွက်ကြရတဲ့ အခြေအနေတွေမှာ အဆင်ပြေမှာဖြစ်ပါတယ်"လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

အခွန်ဆိုင်ရာဥပဒေ၊ ဘဏ္ဍာငွေဆိုင်ရာဥပဒေ၊ စီမံကိန်းဆိုင်ရာဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁ဝဝ အရ ပြည်ထောင်စုအစိုးရက တိုက်ရိုက်တင်သွင်းခွင့်ရှိသော ဥပဒေများဖြစ်ပြီး ပြည်ထောင်စုအစိုးရမှ ပြည်ထောင်စု လွတ် တော်သို့ မတင်သွင်းခင်ကာလအတွင်း ကုန်သည်ကြီးများအသင်းတွင် လုပ်ငန်းရှင်များ၏ လက်ရှိအခွန်ထမ်း ဆောင်နိုင်မှု လွယ်ကူချောမွေ့မြန်ဆန်စေမည့် နည်းလမ်းများနှင့် အခွန်ထမ်းဆောင်သည့် နေရာများတွင် မျှတခြင်းရှိမှု တို့နှင့် ပတ်သက်ပြီး လုပ်ငန်းရှင်များဘက်က ဆွေးနွေးခွင့်ရနိုင်ရန် ယခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်း ၇ဝရာခိုင်နူန်းသည်အများအားဖြင့် ရန်ကုန်မြို့တွင်အခြေပြု ဆောင် ရွက်နေကြခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် အခွန်ဥပဒေကို တင်သွင်းသည့်အချိန်တွင် ပြည်ထောင်စုဝန်ကြီးဌာနများ အမိန့် ညွှန်ကြားစာများနှင့် ပြုပြင်ပြောင်းလဲပေးခဲ့မှုများစွာရှိကြောင်း ဝန်ကြီးချပ်ကဆိုသည်။

၂ဝ၁၈ ဧပြီလတွင် တင်သွင်းမည့်အခွန်ဥပဒေကို လုပ်ငန်းရှင်များနှင့် ဆွေးနွေးကာ ဥပဒေကြမ်းရေးဆွဲသွားမည်ဖြစ်ကြောင်းလည်းသိရပါ သည်။

Author